Part 1 (U&Z)

1.2K 69 8
                                    


At The Zenith Vortex Luxe(ZVX) Company.....

"Boss ခိုင်းတဲ့အတိုင်းအကုန်လုပ်ပြီးပါပြီ"

"အွန်း နောက် Artist ကိုရော အပ်မဲ့ပုံအကြောင်းသေချာပြောလိုက်လား"

အေးစက်စက်လေသံဖြင့် သူရိန်မင်း၏Boss ဆိုသည့်လူက သူရိန်၏စကားကိုပြန်လည်ဖြေကြားသည်။
သူရိန်ကလဲစကားဆက်လိုက်ကာ...

"ဟုတ်ကဲ့Boss ကို​မူပိုင်သစ္စာ ကို Boss ပြောခိုင်းသလို အသေးစိတ်ကအစသေချာပြောပြလာခဲ့ပါတယ်Boss"

ထိုအခါမှ Boss ဆိုသည့် မြန်မာနာမည်ခေါ် "မင်းမိန့်တည်စေ" ဒါမှမဟုတ်လျှင် Australia နာမည်ခေါ်
"Christopher Humphrey Jeremiah" ဖြစ်သည်။ တည်စေ က မြန်မာနိုင်ငံတွင်နာမည်ကြီး TOP 5ဝင်သည့် Company ကြီး၂ခု၏ CEO ဖြစ်သည်။ တည်စေသည် အမြဲလို အမဲ၊နေဗီပြာ၊ခဲ၊အညို စသဖြင့်အရောင်များပဲ ဝတ်ဆင်လေ့ရှိသည်။အခုလဲ နေဗီပြာရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားကာ Company အတွက် New Project အတွက် Logo အတွက်မေးမြန်းနေခြင်းဖြစ်သည်။
အခုလက်ရှိမှာ တည်စေက သူ၏အလုပ်စားပွဲတွင်ထိုင် ခြေချိတ်ထိုင်နေကာ သူရိန်ကတော့ ဘေးနားကနေ မတ်တပ်ရပ်နေရသည်။ ဒါဟာထိုစံပါပဲ။တည်စေကအမြဲလိုလို ဒေါသကြီးနေတက်သည်မို့ ဝန်ထမ်းများမှာလဲ တည်စေရှေ့တွင် ဘာတစ်ခုမှအမှားမလုပ်မိအောင် ထိန်းကြရသည်။ လုပ်လိုက်မိလို့ကတော့ တည်စေရဲ့ ဒေါသ သံကိုအရင်ကြားရမည် မိနစ်ပိုင်းအကြာအလုပ်ကနေ ၂လစာ ပေးပြီးအလုပ်ထုတ်ပစ်တက်သည်။
အခုတောင်အကောင်းကြီးကနေ သူရိန်စကားလဲဆုံးရောဆို ဘာကိုအလိုမကျဖြစ်သွားမှန်းမသိကာ ပါးရိုးတွေတင်းလာသည်။ထိုနောက် သူရိန်ကိုကြည့်ကာ

"မင်း ဘယ်တုန်းက သူ့ကိုအဲလောက်ရိုသေသွားတာလဲ"

ဒေါသ သံမဟုတ်သေးပေမဲ့ အံကြိတ်ထားရသည်အသံဖြင့်မေးလာသည်။သူရိန်လဲအမြန်ဖြေရှင်းချက်ပေးရတော့သည်။

"ဟို..ဟို...မရင်းနှီးတဲ့သူတွေဆိုတော့ နာမည်ကခေါ်ရခက်နေလို့ပါ Boss"

ထိုအခါ ပါးရိုးတွေပိုတင်းလာကာ...

"မင်းသွားလို့ရပြီ ပြီးရင် သူ့ကိုငါဆီလွှတ်လိုက်"

"ဟုတ်..ဟုတ်ကဲ့ပါ Boss"

သူရိန်လဲပြန်ဖြေကာရုံးခန်းအပြင်ကိုထွက်လာကာ Boss ခေါ်ခိုင်းတဲ့သူစီကိုသာပြေးခေါ်ရတော့သည်။

Mafia In The Morning ( U±Z)Where stories live. Discover now