Intro

552 53 18
                                    

ညတစ်ည၏ညဥ့်သန်းခေါင်ချိန်တွင်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အထပ်မြင့်တိုက်တစ်ခု၏ ကွန်တိုခန်းတစ်ခန်းရှိ အိပ်ခန်းငယ်တစ်ခုအတွင်းဝယ် ငွေစန္ဒာလရောင်ဟာ မှန်ပြတင်းမှတစ်ဆင့် ခန်းဆီးစလစ်ဟနေသောနေရာငယ်မှတစ်ဆင့် ယင်းအိပ်ခန်းငယ်အတွင်းသို့ လှပအေးချမ်းစွာဖြာကျနေသည်။

ယင်း အခန်းငယ်အတွင်းတွင် နှစ်ရှည်ဝိုင်နီရနံ့ နှင့် ကော်ဖီရနံ့တို့မှာအားပြင်းစွာ ရောယှက် ပျံ့နှံ့ လျက်။

ဤသည်ရနံ့တို့မှာ အမျိုးသား Alpha နှစ်ယောက်၏ Pheromones ရနံ့များပင်ဖြစ်သည်။

အခန်းအတွင်းဖြစ်ပျက်နေသည့်အခြေအနေသည်ကား လှပစွာဖြာကျနေသောငွေစန္ဒာလရောင်နှင့်ခြားနားစွာ။

အခန်းထဲတွင် အမျိုးသားတစ်ဦး၏ မောဟိုက်သံ၊ အသားချင်းရိုက်ခက်သံ၊ များအတိုင်းသားပေါ်လွင်နေသည်။ တစ်နည်းအားဖြင့်တိတိကျကျပြောရသော အမျိုးသားနှစ်ဦး ၊အမျိုးသားAlpha နှစ်ဦး၏ချစ်တင်းနှောနေသောအသံများ။

အမျိုးသားAlpha နှစ်ယောက်ဟုဆိုသော်လည်း တစ်ယောက်မှာ သာမန်Alpha တွေထက်ပိုပြီး ၊ dominant Alpha တွေထက်ပင်ပို၍အင်အားကြီးသည်၊အေးစက်သည်။

သူဟာမှောက်ရက်ပင် ဒီဆင်းရဲဒုက္ခကိုကြိတ်မှိတ်ခံယူတုန်း နောက်မှဆံပင်ဆောင့်ဆွဲခံရသည်။နာကျင်နေသော်လည်း အသံမထွက်မိစေရန် အောက်နှုတ်ခမ်းကိုပြတ်ထွက်မတတ်ကိုက်ထားသည်။ ဆံပင်ဆောင့်ဆွဲထားသောလူသည်မလွတ်ပေးသေးဘဲ သူ၏နှုတ်ခမ်းကို ကြမ်းတမ်းစွာနမ်းသည်။

"အသံလေးတစ်သံတော့ထွက်ပါဦး အသဲရဲ့ မင်းဒီလိုနှုတ်ဆိတ်နေရင်ပျင်းစရာကြီးလေကွာ"

ထိုလူဟာပြောရင်း ဆံပင်ကိုလည်းဆွဲထားရင်း အောက်ပိုင်းကိုလည်းအားပြင်းစွာဆောင့်ချလိုက်သည်။

သို့သော် သူဟာအသံတစ်သံမှမထွက်မိအောင် အောက်နှုတ်ခမ်းကိုဆက်ကိုက်ထားသည်မှာသွေးပင်ထွက်ပြီး မေးစေ့သို့ပင်စီးကျလျက်။

"ကျွတ် ကျွတ် သွေးတွေထွက်ကုန်ပြီလေကွာ အကြောတင်းလေးရဲ့"

သူဟာမနေနိုင်တော့။
အံကိုကြိတ်ရင်း သူပြောနေကျထိုလူအတွက်ရိုးအီနေလောက်ပြီဖြစ်သော စကားတစ်ခွန်းကို ထုတ်ပြောမိပြန်သည်။

"ကျွန်တော်ခင်ဗျားကိုသိပ်မုန်းတယ် ကျန်းဟောင့်!"

ထိုစကားကိုကြားပြီး ထိုလူဟာအောက်ပိုင်းကို ပိုပြီးအားပြင်းပြင်းဆောင့်ရင်း ခပ်မြန်မြန်လှုပ်ရှားသည်။

"ငါလည်းမင်းကို ချစ်တယ်လို့မပြောမိဘူးလေ ကျန်းဟန်ပင်း ရဲ့"

"အော် ဒါမှမဟုတ် ချိန်ဟန်ပင်း (Cheng Han Bing) လို့ခေါ်ရမလား အင်း  မင်းရဲ့ ကိုရီးယားနာမည်ကိုဘဲခေါ်ရမလား ဆောင်းဟန်ဘင်း ဆိုပြီးတော့လေ ဟက်!"

Alpha ချင်းတူတူ ဟန်ဘင်း ဟာ ရိုးရိုးသာမန် Alpha သာဖြစ်ပြီး ထိုလူကိုလူအများသိထားကြတာတော့ Dominant Alpha တဲ့လေ။
သို့သော်ထိုလူဟာ Dominant Alpha ဆိုတဲ့ဂုဏ်ပုဒ်ထက်ပင်ပို၍အားကြီးသည်။ Alpha တစ်ယာက်ကိုလွမ်းမိုးနိုင်စွမ်းရှိသည်။Rut Circle မှာလည်း Alpha တွေနဲ့သာဖြတ်သန်းသည်။

ထို ကျန်းဟောင့် ဆိုသောလူသည် Alpha မဟုတ်။ သူဖုံးကွယ်ထားသောသူ၏ second gender၊ သူတစ်ယောက်တည်းသာသိသောသူ့ရဲ့ဖြစ်တည်မှုဟာ..................

______________________________________
Sunshine တစ်ယောက်မနေနိုင်မထိုင်နိုင် လက်သရမ်းပြန်ပြီဗျာ  ((_ _*
omegaverse နဲ့သိပ်မရင်းနီးသေးတာကြောင့် အမှားတွေပါလာရင်ခွင့်လွတ်ဖို့ကြိုပြီးတောင်းဆိုပါတယ်ဗျာ

The Dark Paradise Where stories live. Discover now