Episode 1

333 49 14
                                    

အခန်းငယ်၏ စားပွဲခုံပေါ်တွင် ဝိုင်ပုလင်းတစ်လုံးနှင့် ယင်းစားပွဲခုံရှေ့ဆိုဖာတွင် bathrobe တစ်ထည်သာဝတ်ဆင်ထားသော ကျန်းဟောင့်က လက်ထဲတွင်လည်းဝိုင်ခွက်ကိုကိုင်လျက်ခြေချိတ်ကာ သူ၏မျက်နှာချင်းဆိုင်ကုတင်ပေါ်ရှိ သူ့လက်ချက်ကြောင့်သတိမေ့သွားသော အဝတ်မဲ့နေတဲ့ခန္ဓာကိုယ်နဲ့ ဟန်ဘင်းကိုကြည့်နေသည်။

ဘယ်လိုဘဲကြည့်ကြည့် ဟန်ဘင်းတို့သားအမိမှာကျန်းဟောင့်မျက်လုံးထဲတွင် နှစ်လိုဖွယ်တစ်စက်မှမရှိ သူစဥ်းစားမရသည်မှာ သူ့အဖေလျန်ဟွားအိမ်တော်သခင်ကြီးကို ဒီသားအမိ ဘယ်လိုများဖြားယောင်းလိုက်လို့ သူ့အမေဆုံးပြီးသုံးလတောင်မပြည့်သေး အိမ်ပေါ်ခေါ်ထားပြီး သူ့ထက်တောင်ပိုအရေးပေးသေးသည်။

ကျန်းဟောင့် သတိမေ့နေတဲ့ဟန်ဘင်းကိုကြည့်ရင်း အရင်ကအကြောင်းတွေပြန်တွေးလေလေ ဒေါသထွက်လေလေပင်။

______________________________________
2008ခုနှစ်၊တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့၊လျန်ဟွားအိမ်တော်တွင်

"အိမ်တော်ထိန်းကြီး ဟောင့်ဟောင့်ကိုသွားခေါ်လာခဲ့ပါ"

"သခင်လေးအပြင်သွားပါတယ် သခင်ကြီး"

အပြင်သွားတယ် ဆိုတာနဲ့သူ့သားဘယ်ရောက်နေမှန်းကို ကျန်းထျန်းယိ သိသည်။
မသွားပါနဲ့လို့ အတန်တန်တားနေတဲ့ကြားက သူ့သားဟာ Alpha ပီပီခေါင်းမာလွန်းလှသည်။မကြာသေးခင်ကမှဆုံးသွားသောသူ့အမေနဲ့တစ်ပုံစံတည်းပင်။

"ပြန်လာရင် စာကြည့်ခန်းထဲကိုဝင်လာခိုင်းလိုက်"

"ဟုတ်ကဲ့ပါ သခင်ကြီး"

ရှန်ဟိုင်းမြို့၏ သင်္ချိုင်းမြေတစ်နေရာတွင် ဆယ့်သုံးနှစ်အရွယ်ကောင်လေးတစ်ယောက်သည် အဖြူရောင်အုတ်ဂူတစ်ခုဘေးတွင်ထိုင်လျက်။ကောင်လေးဟာမျက်ရည်ဝဲရင်းအုတ်ဂူကိုခပ်ဖွဖွပွတ်သပ်ကာ

"မား ဟောင့်ဟောင့်မားကိုလွမ်းတယ်"

ဓာတ်ပုံထဲရှိသူ့အမေသည်ကားပြုံးလျက်

"မား ဟောင့်ဟောင့်မငိုရပါဘူးနော် မျက်လုံးထဲ ရွှတ် ပိုးကောင်ဝင်သွားလို့"

The Dark Paradise Where stories live. Discover now