"တစ်ခုခုစားကြမလား"
taxiမစီးချင်ဘူးဆိုတဲ့သူကြောင့် busကားနဲ့ပြန်လာခဲ့ကြပြီးနောက် စကားသံတိတ်နေတဲ့နှစ်ယောက်ကြားမှာ အရင်ဆုံးစကားစလိုက်သူက ဂျောင်ဆောင်ချန်းဖြစ်၏။
ပြန်မဖြေသေးဘဲ တစ်ခုခုကိုစဥ်းစားနေသလို ခေါင်းလေးငုံ့ကာလမ်းလျှောက်နေသူကြောင့် 'စိတ်ဆိုးသွားတာလား' ဆိုတဲ့အတွေးကဝင်လာပြီး ပျာယာခတ်ရတော့သည်။
"ငါ့ကိုစိတ်ဆိုးသွားလို့ ငါနဲ့မသွားချင်တော့တာလား ဟုတ်လား"
စိုးရိမ်တဲ့အသံနဲ့မေးတော့မှ ငုံ့နေတဲ့ခေါင်းလုံးလုံးလေးကပြန်မော့လာပြီး ဆောင်ချန်းကိုငဲ့ကြည့်ကာ
"မဟုတ်ပါဘူး"
"ဒါဆို တစ်ခုခုသွားစားရအောင်လေ၊ ငါဝယ်ကျွေးပါ့မယ် ဘာစားချင်လဲ"
စိတ်ကောက်နေတဲ့ကလေးကို ချော့သလိုအသံနဲ့မေးတော့မှ အသံသေးသေးလေးထွက်လာ၏။
"ရတယ် ဘာဖြစ်ဖြစ်"
"ဒီနားကခေါက်ဆွဲဆိုင်ကောင်းတာလေးတွေ့ထားတယ်၊ ခေါက်ဆွဲစားချင်လား"
မနေ့ညကအပြင်ထွက်လည်ဖို့ အစီအစဥ်ထဲမှာ ဝန်ဘင်းနဲ့အတူတူ ဟန်မြစ်ကိုသွားပြီးအပြန်မှာ မုန့်တစ်ခုခုလိုက်ကျွေးဖို့ တွေးမိပြီးရှာဖွေခဲ့ရတာက ညနက်တဲ့အထိ။
"အင်း သွားမယ်လေ"
ဝန်ဘင်းဆီကသဘောတူညီချက်ရတာနဲ့ ဆောင်ချန်းကဆိုင်ရှိရာသို့ဦးဆောင်ခေါ်လာခဲ့လိုက်တော့သည်။
"ဒီမှာ စားလို့ရပြီ"
ခေါက်ဆွဲမှာပြီးနောက် ရောက်လာတဲ့ခေါက်ဆွဲပန်းကန်ကိုဝန်ဘင်းရှေ့ချပေးကာ တူတစ်စုံကိုပါအသင့်ကမ်းပေးလာ၏။
ဗိုက်ဆာနေတာကြောင့် ပူပူလောင်လောင်ခေါက်ဆွဲကိုမှုတ်ပြီး တရှူးရှူးစားနေတာကို အပူလောင်မှာစိုးရိမ်သလို ရှေ့တည့်တည့်ကထိုင်ကြည့်နေပြီး ရေတစ်ခွက်ကိုလည်းအသင့်ငှဲ့ပေးနေပြန်၏။"ဖြည်းဖြည်းစားလေ အပူလောင်မယ်"
"....."
"ဘယ်လိုလဲ အရသာရှိလား"
အရိပ်တကြည့်ကြည့်လုပ်နေပြီးမှ ဝန်ဘင်းကောင်းကောင်းစားနေတာကိုသဘောကျသလို ပြုံးနေပြန်၏။
ဒါမျိုးက အရင်စသိကတည်းက အစားနည်းတဲ့ဝန်ဘင်းကို ဂရုတစိုက်ရှိတဲ့ဆောင်ချန်းရဲ့အပြုအမူတွေဖြစ်တာကြောင့် အနေရခက်တာမျိုးတော့မဖြစ်မိ။
YOU ARE READING
My Chicago
Fanfictionချစ်တဲ့သူသာပျော်ရမယ်ဆိုရောက်တဲ့နေရာကနေရပ်ကျန်နေခဲ့ရလည်း ကျေနပ်ပါတယ်...