(Part 13)

82 12 2
                                    

"ဆွန်းချောရား သားသားအခြေအနေ ဘယ်လိုလဲ"

"ဘာမှမ​ြဖစ်ပါဘူး အစားသေချာမစားလို့ရယ် ကိုယ်ခံအားနည်းတာရယ် ပြီးတော့
ရောဂါအခြေအနေကနည်းနည်းဆိုးလာတယ်
အများကြီးတော့မဟုတ်ပါဘူး အရင်ကထက်စာရင်တော့ဆိုးလာတယ်​ပြောရမယ်
အဓိကကတော့သူ့စိတ်ပါ သူစိတ်ချမ်းသာအောင်ထားပေးပါ"

"အေးပါ ကျေးဇူးပါသားရယ် မနေ့ကမှအကောင်းကြီးကို ဒီနေ့မှ ရုတ်တရက်ကြီး
လဲကျသွားတာ"

"နောက်တစ်ခါမဖြစ်ပါစေနဲ့တော့ အန်တီတို့စိတ်ကိုနားလည်ပေမယ့် သူ့ဘက်ကိုလည်း
တွေးပေးစေချင်တယ် သူ့ရောဂါအကြောင်းလည်းသိနေတာပဲမို့လား စိတ်ထိခိုက်အောင်လုပ်လို့မ​ဖြစ်ပါဘူး"

"အန်တီတို့နားလည်ပါပြီ နေ့လည်စာစားသွားဉီးလေသား"

"တော်ပါပြီ မစားတော့ပါဘူး ဆေးရုံကကျွန်တော်မရှိလို့မဖြစ်လို့ အဲတာဆို ပြန်တော့မယ်နော်"

"အေးအေး သား"

"ကဲ ရှင်ကြားတယ်မို့လား လေးအတွက်နည်းနည်းပါးပါးထည့်စဉ်းစားပေးပါဉီး"

"ငါကဘာလုပ်နေလို့လဲ"

"တော်ပါပြီ မပြောချင်တော့ဘူး"

"သူဌေး ခြံရှေ့မှာဟိုကောင်လေးရောက်နေပါတယ် ဂျီဟွန်းနဲ့တွေ့ခွင့်တောင်းနေတယ်
ဘယ်လိုလုပ်လိုက်ရမလဲ"

"မောင်းထုတ်ရမှာပေါ့ ဘယ်လိုလုပ်ရမှာလဲ
ဇွဲကတော့ကောင်းသားနော် အိမ်ရှေ့ထိရောက်အောင်လာနိုင်တယ်"

"ဟုတ်ကဲ့ သိပါပြီ"

"မေမေ"

"အေးသားလေး သတိရလာပြီလား ဘယ်လိုနေသေးလဲ မောနေလား ရင်ဘတ်ကရောအောင့်သေးလား"

"နေလို့ကောင်းပါတယ် ဘယ်သူရောက်နေတာလဲ အဒေါ်ကြီးပြောနေတာကြားလိုက်တယ်"

"ဘယ်သူမှမဟုတ်ပါဘူး သားရဲ့ ပြန်ပြီး နည်းနည်းလောက်အိပ်လိုက်ပါလား "

"ဟုတ် အဲတာဆို"

ဂျီဟွန်း လူကလည်းနုန်းနေသည်မို့ ပြန်အိပ်လိုက်သည်။နားထဲမှာတော့ ကိုကို့ရဲ့ အသံကိုကြားသလားလို့။အရမ်းလွမ်းနေလို့များလား။

You are my worldWhere stories live. Discover now