Anti_Fan became My Husband

1.1K 97 7
                                    

"တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသား ရှောင်းကျန့်မှာ တိတ်တိတ်ပုန်းဇနီးနဲ့ကလေးရှိတယ်" တဲ့။

ဒီသတင်းဟာလွန်ခဲ့တဲ့4,5ရက်ထဲက တရုတ်
နိုင်ငံ၏သတင်းစာခေါင်းကြီးပိုင်း၊ Weiboနှင့်
အခြားလူမှုကွန်ယက်မီဒီယာတွေမှာပါ နေရာ
ယူထားသည့်သတင်းကြီးတစ်ခုဖြစ်၏။

P1_ဟာားး ရှောင်းကျန့်က ဒီလိုလူစားမျိုးလား
တော်သေးတယ် ငါသူ့ကိုမကြိုက်ခဲ့မိလို့..

P2_ကျယ်မေ့တို့ တက်လာသမျှမဟုတ်တဲ့ သတင်းတွေကိုမယုံကြည်ကြပါနဲ့ ငါတို့အကို့ကို ယုံကြည်တယ် အကိုက ဒီလိုလူစားမဟုတ်ဘူး Studioကနေ တရားဝင်စာထွက်လာမဲ့အချိန်ကိုပဲ
စောင့်ကြရအောင်..

P3_ရှောင်းကျန့်ကတာဝန်မယူတတ်တဲ့ယောကျာ်း
သူ့လိုလူကို အနုပညာလောကထဲမမြင်ချင်ဘူး
Xzထွက်သွား..

P4_ကိုကိုရေ ဒီသတင်းသာအမှန်ဆို မိန်းမတော့ရင်ကွဲရပါပြီ....

P5_......

P6_.....

P7_......

ဆက်တိုက်ဆိုသလိုကျိန်ဆဲနေသည့်ပို့စ်တွေရော
ငိုကြွေးနေသည့်ပို့စ်တွေဟာ ဘယ်လိုမှထိန်းမရနိုင်
အောင် အုတ်အော်သောင်းနင်းဖြစ်နေကာ...
ရှောင်းကျန့်studio၏Private Msg Boxအထိ လာရောက်ပြောဆိုကြသူတွေဟာလည်း တစ်နေ့
တစ်နေ့ကို မရေတွက်နိုင်အောင်ပင်ဖြစ်သည်။

မန်နေဂျာနှင့် သူ၏ကိုယ်ရေးပြောဆိုခွင့်ရှိသူ၊
Studioမှ ဝန်ထမ်းတွေအားလုံးဟာ ထိုသတင်း
ပပျောက်ရေးအတွက် အစွမ်းကုန်လုံးပမ်းကာ
ကြိုးစားအားထုတ်နေသော်လည်း ကာယကံရှင်
ရှောင်းကျန့်ကမူ အပြုံးမပျက် လေလာရာ
ဖင်ပေးထားသလို အေးဆေးနေလိုက်တာများ
ဒီသတင်းက သူနှင့်လားလားမျှမသက်ဆိုင်သလို..။

ရှောင်းကျန့်ဆိုတဲ့သူဟာ ဘယ်လိုလူမလို့လဲ။
အနုပညာလောကထဲခြေချသည့်အချိန်မှစလို့
သူ့အားဝေဖန်တိုက်သူတွေဟာ ဒုနဲ့ဒေးပင်....။
ဟုတ်သည်၊မဟုတ်သည်အပထား သူ့ကိုဆို
သွားပုပ်လေလွင့်ပြောလိုက်ရမှ နေသာထိုင်သာ
ရှိကြသည့် antifanပေါင်းများစွာ၏ တိုက်ခိုက်မှု
များစွာကို ကျော်ဖြတ်ပြီးမှ ဒီနေ့ဒီနေရာအထိ
ရောက်အောင် ကိုယ့်အစွမ်းအစနဲ့ရပ်တည်
လာခဲ့တာ။ ဒီလိုကလေးကစားသလို ဉာဏ်ပါးပါး
လျလျအကွက်လောက်နဲ့ သူ့ကိုဆွဲချချင်သူတွေကိုပဲ
ရှောင်းကျန့်ကဟားတိုက်လို့ပြန်လှောင်ချင်သေး၏။ သူသိချင်တာက ဒီAcc ပိုင်ရှင်ဟာ ဘယ်သူလဲ
ဘာကြောင့်များ သူ့ကိုဒီလိုသတင်းမျိုးနဲ့
နာမည်ဖျက်ရသလဲဆိုတာပင်။

🦊Anti_fan became My Husband 🐷 (One Shot)Where stories live. Discover now