မနက် ၈ နာရီမှာ Yi Qi မျက်လုံးတွေပွင့်လာတယ်။ အိပ်ရာထခါစမို့ မသေမသပ်ဖြစ်နေတဲ့ သူ့ဆံပင်တွေကို သပ်လိုက်ပြီး ဟိုလိမ့်ဒီလိမ့်နဲ့ အကြောပါဆန့်လိုက်တယ်။ အင်္ကျီမပါဘဲ အပေါ်ပိုင်းဗလာဖြစ်နေတော့ အအေးဓာတ်နဲ့ထိတွေ့မိတဲ့အချိန်ပဲ အနည်းငယ်တုန်ယင်သွားရတယ်။ အောက်ပိုင်းကိုကြည့်လိုက်တော့ မနက်ခင်းထုံးစံအတိုင်းပဲ သူ့ဒစ်ကြီးက တဲတစ်လုံးလို မိုးထိုးနေတာ နေရထိုင်ရတောင် ခက်တယ်။
သူအတွင်းခံကို ဆွဲချလိုက်ပြီး ဒစ်ထိပ်ဖျားကိုလက်နဲ့အုပ်ကိုင်လိုက်တယ်။ ဒီလိင်စိတ်ဆန္ဒတွေကို သူမဖြေလျော့ဘူးဆိုရင် မသက်မသာဖြစ်နေရမှာ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်တည်းအာသာဖြေရမယ်ဆိုရင်တော့ သိပ်စိတ်လှုပ်ရှားစရာမကောင်းဘူး။ ကံကောင်းချင်တော့ သူပြင်ဆင်ထားတာရှိတယ်။
သူဧည့်ခန်းထဲကိုခပ်သွက်သွက်လျှောက်သွားပြီး လိုက်ကာကို အနည်းငယ်ဆွဲဟလိုက်တယ်။ ပြီးတော့ သူ့ရဲ့တယ်လီစကုတ်ကို စားပွဲပေါ်တင်လိုက်ပြီး တစ်ဖက်အဆောက်အဦက သူနဲ့အထပ်တူပြတင်းပေါက်ရှိရာဆီကို လှမ်းချိန်လိုက်တယ်။
အဲ့ဒီ့အဆောက်အဦရဲ့ဖွဲ့စည်းပုံက Yi Qi တို့အဆောက်အဦနဲ့ကွာခြားပြီး တစ်ဖက်ကအိပ်ခန်းက Yi Qi ရဲ့ ဝရံတာနဲ့မျက်နှာချင်းဆိုင်ပဲ။ သူအချိန်ကို ရေတွက်နေရင်း ပါဖောမန့်ပြတော့မဲ့အချိန်ရောက်တော့မယ်ဆိုတာကို သတိထားလိုက်မိတယ်။
အချိန်ကျတော့ သူကြည့်နေတဲ့ပြတင်းပေါက်ရဲ့ တင်းတင်းစေ့အောင်ပိတ်ထားတဲ့ လိုက်ကာက အားနဲ့ဆွဲဖွင့်တာခံလိုက်ရတယ်။ အဲ့ဒီ့အိပ်ခန်းမှာ ကြမ်းပြင်ကနေ မျက်နှာကျက်ထိရောက်အောင် ရှည်တဲ့ပြတင်းပေါက်ကို အစားထိုးပြင်ဆင်ထားတယ်။ ပုံမှန်ဆို လိုက်ကာနဲ့ကာထားလေ့ရှိပေမဲ့ အချိန်တစ်ခုမှာတော့ အဲ့လိုက်ကာက ပွင့်လာတတ်တယ်။
အိပ်ခန်းထဲက ပရိဘောဂတွေနေရာချထားပုံကတော့ ပြီးခဲ့တဲ့အပတ်သောကြာတုန်းကအတိုင်း မပြောင်းမလဲဘဲ။ King size ကုတင်တစ်ခု၊ အဝတ်ဗီရိုအကြီးကြီးတစ်ခု၊ ကုတင်ဘေးမှာထားထားတဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အလေးတုံးတွေအပြင် အခြားပရိဘောဂတွေများများစားစားမရှိဘူး။ Yi Qi ကအဲ့တာတွေကို စိတ်မဝင်စားဘူး။ သူက သူ့ရဲ့ တယ်လီစကုတ်ကို ပြတင်းပေါက်ရှေ့ရပ်နေတဲ့ ယောက်ျားဆီကိုပြောင်းချိန်လိုက်တယ်။
YOU ARE READING
ကြံ့ကြံ့ခိုင်ခိုင် ယောက်ျားတစ်ယောက်ကို အားပါးတရချောင်းကြည့်ခြင်း
General Fictionသောကြာနေ့မနက်တိုင်းမှာ ကြွက်သားတွေနဲ့တောင့်တောင့်တင်းတင်း ယောက်ျားတစ်ယောက်က သူ့ပြင်သစ်စတိုင်ပြတင်းပေါက်ရှေ့မှာ အာသာဖြေလေ့ရှိတယ်။ သူ့ရဲ့အိမ်နီးနားချင်း Yi Qi က သူ့ကို တယ်လီစကုပ်နဲ့အမြဲချောင်းကြည့်လေ့ရှိပြီး တစ်နေ့ သူ့ကိုဖိချနိုင်ရမယ်လို့လည်း သံဓိဌာန်...