"ဟင် မောင် မောင်ကယ်လိုက်တာ အမွန့်ကို"
"အွမ်းဟုတ်တယ်"
📞"မူယာလေ့ မော့မော့ ဆံနွယ်ကျော့ကျော့မှာ"
"မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီ"
"လှပါတယ်မေရယ် ပန်းလေးတစ်ပွင့်လို"📞အချိန်ကောင်းမှာ မောင့်ဆီကိုရောက်လာတဲ့ဖုန်းသံ
"ဟလို မေ"
"ရာရာရေ အနှောင်း ကားတိုက်လို့ ဆေးရုံတင်လိုက်ရတယ်"
(အနှောင်းဆိုတာ မိထွေးရဲ့သမီးပါ တအိမ်လုံးရဲ့ အငယ်ဆုံးသမီးလေး နှောင်းငယ်)"ဟမ် ဘယ်ဆေးရုံမှာလဲ မေ ရာ လာခဲ့မယ်"
"ရန်ကုန်ဆေးရုံကြီးမှာပဲ ရာရာ"
"ဟုတ်ကဲ့မေမေ ရာရာလာခဲ့မယ်"
"မောင် ဘာဖြစ်တာလဲဟင်"
"မောင့်ညီမလေး ဆေးရုံတင်လိုက်ရတယ်တဲ့ မောင်သွားမှရမယ် အမွန်"
"မောင်တစ်ယောက်တည်း မသွားနဲ့ မွန်ပါ လိုက်ခဲ့မယ်"
"အမွန့် ကျောင်းလဲရှိနေတာပဲ မောင့်အပူတွေ မယူပါနဲ့ကွာ"
"မောင်နော် မွန် စိတ်ဆိုးလိုက်ရမလား လိုက်ခဲ့မယ်ဆိုနေကျောင်းက မျိုး နဲ့ထားခဲ့လဲရပါတယ် အခုမောင့်ညီမလေးကပိုအရေးကြီးတယ်လေ လာပါ"
"အင်းပါ လာလာ သွားကြမယ်"
__________________________________________
ဆေးရုံကြီးဆီရောက်သွားခဲ့ကြလေသည်။"မေ"
"ရာရာ"
(မွန်ကတော့ မောင့်ကိုကြည့်ပြီး မွန်ကဘေးလူဆိုတော့ ရပ်ကြည့်နေရုံကလွဲဘာမှမတတ်နိုင်ပေ)"မေ အငယ်က ဘာဖြစ်တာလဲဟင် ပြောပါအူး ရာရာကို"
"အနှောင်းလေးကို ကားတိုက်သွားတဲ့ တိုက်တဲ့လူကတမင်တကာ တိုက်တာတဲ့ အခုတော့ ခွဲခန်းထဲဝင်သွားတာကြာပြီ"
"ဟာ တောက်စ်ဒီကားကတော့ အငယ်ဘာမှမဖြစ်နိုင်လောက်ပါဘူး မေရယ် ဒါနဲ့ အဖေနဲ့နက္ခတ်ရောဟင်"
"နက္ခတ်က သူ့ကျောင်းမှာပဲရှိသေးတယ် ဟိုတစ်ယောက်တော့ လောင်းကစားရုံမှာ မူးရူးနေလေရဲ့"