Unicode
အလုပ်မသွားရသည့် မနက်ခင်းတွေ၌နုအတွက်အထွေအထူးပြင်ဆင်စရာဆိုတာမရှိပေ။နုခန္ဓာကိုယ်လေးထဲ အစိုင်အခဲလေးတစ်ခုရောက်ရှိတာ
တစ်ပတ်ရှိပြီဖြစ်သော်လည်း ထူးခြားတာမျိုး၊မနေနိုင်လောက်အောင်နာကျင်တာမျိုး တစ်စက်ကလေးမှမရှိဘဲ သာမာန်နေထိုင်နေသည့်အတိုင်းသာ။ဒီလိုဆိုပြန်တော့ နုမျှော်လင့်ချက်နဲ့ယုံကြည်မှုလေးက ပို၍ထုထည်ကြီးမားလို့လာသည်။မောင်ကတော့ အလုပ်သွားဖို့အားလုံးပြင်ဆင်ပြီးလို့နေပြီ။ဒီဇိုင်နာပီပီ အဝတ်ဆိုရင် အမြဲစမတ်ကျအောင် ဝတ်တတ်လွန်းတဲ့ မောင့်ကို နုအမြဲတမ်းငေးကြည့်ရစမြဲပင်။
"အန်တီ အိမ်မှာပဲနေခဲ့နေတာ မပျင်းဘူးလား။
မောင်နောက်လိုက်ခဲ့လေ""တို့အိမ်မှာပဲနားလိုက်ပါဦးမယ်။နောက်နေ့မှလိုက်ခဲ့မယ်နော်"
"အန်တီတအားနေမကောင်းဖြစ်နေတာလား။အန်တီ့ကိုကြည့်ရတာဒီရက်ပိုင်းနွမ်းလျနေသလိုပဲ"
"တို့ဘာမှမဖြစ်ပါဘူးမောင်ရဲ့။ဆေးရုံအုပ်ကလည်း ခွင့်ပေးတာနဲ့ နားတာပါ။တို့တကယ်ဘာမှမဖြစ်ပါဘူး"
"အင်းပါ။တစ်ခုခုဆို မောင့်ကိုဖုန်းဆက်နော်"
"ဟုတ်ပါပြီကွယ်။ကားကိုသာဂရုစိုက်မောင်းနော်"
"ဟုတ်ကဲ့"
နုနဖူးပြင်ပေါ်ကိုရောက်လာတဲ့မောင့်အနမ်းတွေလေးကို နုသိပ်ကိုမြတ်နိုးရသည်။မောင်ပေးခဲ့တဲ့အနမ်းဟာ ဒီနေ့အတွက် အလှပဆုံး၊အမှတ်အရဆုံးဖြစ်နေတော့မှာအသေအချာပင်။
နောက်ဆိုရင်တော့ နှစ်ဦးသာရှိတဲ့ဒီကမ္ဘာငယ်ဆီကို ပျော်ရွှင်မှုကလေးဝင်ရောက်လာရင်ဖြင့်ဒီကမ္ဘာငယ်လေးမှာ မောင်ရယ်...။နုရယ်...။ကလေးငယ်လေးတစ်ဦးရယ်...။ဘယ်လောက်တောင်ပြည့်စုံလိုက်လေမလဲ...။*
တစ်ဆယ့်လေးရက်ဆိုတဲ့အချိန်လေးသည်
တကယ့်ကိုခဏလေးပင်။အလုပ်ပြန်ဆင်းရသည့် အချိန်၌ နုပုံစံက လန်းလန်းဆန်းဆန်းပင်။လျှောက်လှမ်းမှတဆင့်အပေါ်ထပ်ကို ဦးတည်ရာလမ်း၌ တိုက်ဆိုင်စွာပင် ခိုင်နဲ့တွေ့လေသည်။ပထမဆုံးအပြုံးကိုစတင်လိုက်သူက အပြုံးလှလွန်းသည့် နုပင်။
![](https://img.wattpad.com/cover/355264836-288-k249336.jpg)