"ဟေ့ကောင်တွေ ဘာလုပ်နေကြတာလဲ "
နေရဲသစ် လဲသူငယ်ချင်းများထိုင်နေသောထိုင်ခုံသို့ဝင်ထိုင်ပြီး မျက်နှာတွေကြည့်လိုက်ရာ ဘာစိတ်ညစ်နေကြမှန်းမသိ မှိုင်လို့ အဲ့ထဲကမှာ မြစ်အေရာတစ်ယောက်သာ တစ်ပြုံးပြုံးနှင့်ပင် ထိုအချိန် နန္ဒသွန်းမောင် တစ်ယောက်ကပြောပြလာလေသည်
"အေရာပေါ့ကွာ နှင်းဆီနွှယ် ကို ပိုးမလို့တဲ့ဟေ့ ဘယ်သူတားတားလိုက်မမှီတော့ဘူး ဒီကောင် ဆေးမမှီတော့ဘူး "
နန္ဒ စကားကြောင့် သူလဲစိတ်ပျက်လက်ပျက် ဖြစ်ရသည် နှင်းဆီနွှယ်ဆိုသည့်မှာ ဟိုအရင် ကျောင်းမှာထဲက အကျော်ကြားဆုံးသူတစ်ယောက်ဖြစ်သလို စွာတာလဲလွန်ရော သူ့ကို ချစ်ကြောင်းလာပြောသူတွေလဲဆေးရုံရောက်တာမနည်းတော့ ထို့ကြောင့် ကောင်လေးအများစုသည် သူမ ကို ဝေးဝေးရှောင်ကြသည် အဲ့တာကို အေရာကဘာအရူးထ မှန်းမသိ ပြီးတော့ ယခုသူတို့သည် ကိုယ်ပိုင်လုပ်ငန်းများလဲရှိနေကြပြီဖြစ်သည် ကျောင်းသားအရွယ်များလဲမဟုတ်ကြတော့
ငယ်ငယ်ထဲက အေရာ ကနှင်းဆီကိုကြိုက်နေတာမှန်းသိ၍ဖွင့်ပြောဖို့ပြောခဲ့သေးသည် အဲ့တုန်ကကြမပြောဘဲ အခုမှအရူးထလာသော အေရာ ကြောင့်စိတ်ညစ်ရသည် ဟင်းးးးသူငယ်ချင်းတွေဆိုတော့လဲကူညီရမှာပေါ့လေ အဲ့တာနဲ့သူလဲ မှိုင်နေကြသော နန္ဒမင်းမောင် ၊မိုးမြင့်မြတ် တို့ကို ခေါ်လိုက်ကာ အစီအစဉ်ထုတ်ရတော့မည်"မင်းတို့ကလဲ မှိုင်မနေကြနဲ့လေ အကြံဉာဏ်လေးထုတ်ကြအုန်း ဟ"
မြစ်အေရာငယ်လည်း ခေါင်းညိမ့်ကာ ထောင့်ခံသည်
မိုးမြင့်မြတ်လဲ စိတ်မရှည်စွာမေးလိုက်သည်
"ငါ့တို့ကို မမေးနဲ့ မင်းမှာ အကြံရှိလားပြောစမ်းပါ့ ဟဲ့ကောင်"
ဒီတစ်ခေါက်တော့ နန္ဒသွန်းမြတ်မောင်ရော မြစ်အေရာငယ် ရော ခေါင်ညိမ့်ကာ ထောင့်ခံပြန်တယ်
ဘာထူးလဲ နောက်ဆုံး ငါ့ခေါင်းပေါ်ဘဲရောက်လာတာကို
နေရဲသစ်လည်း စဉ်းစားစားပြီး"ဟုတ်ပြီးကွာ့ ငါအကြံရပြီ "
သူငယ်ချင်းများလည်း အားကိုတကြီးဖြင့်သူကိုကြည့်ကာမေးလာသည်
YOU ARE READING
It starts with travel & ခရီးသွားချင်းမှစတင်သည်
Romanceဒီ Story လေးဟာ အိမ်မက်ကတစ်ဆင့်ရလာတဲ့ အကြောင်းအရာတွေကို ပြန်ပြီးဖန်တီးရေးသားမည်ဖြစ်ပါတယ် (story ထဲကအကြောင်းအရာများသည် စိတ်ကူးယဉ်သပ်သပ်သာဖြစ်ပြီး အမှန်တကယ် ဖြစ်ခဲ့ခြင်းမရှိပါ လက်ရှိကမ္ဘာနှင့်မတူကွဲပြားသော နေရာဒေသအများအပြားပါဝင်နိုင်ပါသည် ) (〃゚3゚...