" အစ်ကို ဂျောင်ဟန်ရေ အစ်ကိုရေ အစ်ကို "
ခြံထဲကို အလောတကြီးပြေးလာတဲ့ ဆော့မင်
ကြောင့်သူကတုန်သွားရသည်။
သူထမင်းစားနေရင်းတန်းလန်းပါးစပ်ထဲက ဇွန်းတောင်မထုတ်ရသေးဖူး" ဘာဖစ်တာ လဲ ရော့ ရေသောက် "
သူပေးတဲ့ရေကိုသောက်ပြီးဆော့မင်က
" ဟို အစ်ကို ဆွန်းချောလ် ရန်ဖြစ်နေတယ် "
" ဘာ "
" ဟုတ်တယ် လမ်းထိပ်က
ကောင်လေးတွေနဲ့ "" အရေးကြီးတာ ကို အခုမှ ပြောရလားသေနာလေး "
" မောနေလို့ပါ အစ်ကိုကလည်းပြောလည်းပြောပြရသေးတယ် "
ဆော့မင်စကားပြောပြီးပြီးချင်း သူက လမ်းထိပ်ကို အပြေးတစ်ပိုင်းထွက်ခဲ့ရသည်။
တော်ကြာတစ်ခုခုဖြစ်နေမှဖြင့်ကျွန်တော် အလောတကြီး ရောက်တော့ အောက်က ထိုးခံ ထားတဲ့ကောင်လေးက လူရုပ်ပင်မပေါက်တော့ချေ ဆွန်းချောလ် ဟာ ဘာ လို့ အဲ့လောက်တောင်ဆိုးဝါးသလဲ
" ဆွန်းချောလ် မလုပ်နဲ့ "
ဆွန်းချောလ် လက်ကို လှမ်းဆွဲရင်းတားလေတော့ သူကရုန်းလိုက်တာမို့သူက ဖင်ထိုင်ရက်ကျသည်။
" အာ့"
သူ့ အော်သံကြားမှ သတိဝင်ဟန်ရှိသောဆွန်းချောလ် သည်
ဖူးယောင်နေတဲ့မျက်နှာ မှာ နီရဲ နေတဲ့မျက်လုံးတွေ ဟာ ခပ်မှိုင်းမှိုင်း ဖြစ်ကာ သူ့ကို လာထူသည်" ကျစ် ဘာလို့ လိုက်လာတာ လဲကွာ "
" မလိုက်လာလို့ ရမလား အကုန်သေကုန်မှာပေါ့ "
" စိတ်ပူတာပေါ့လေ တခြားသူကို "
" မဟုတ်တာ လာခဲ့ "
သူကဆွန်းချောလ်ကို ဆွဲခေါ်လာရင်း လမ်းထောင့်က သစ်ပင် အရိပ်လေးအောက်က ခုံမှာဝင်ထိုင်လိုက်သည်။
" ထိုင်ဦး ဒီမှာ "
" ဟုတ် "
" ဘာလို့ရန်ဖြစ်တာလဲ "
" ဒီလိုပါဘဲ "
" ရန်ဖြစ်တာကောင်းတယ်များမှတ်နေလား "