" ဆွန်းချောလ် ထမင်းစားကြရအောင်လို့ "
" ဗိုက်မဆာလို့မစားတော့ဘူး "
" အောက်မှာ ဖေဖေ စောင့်နေတယ်လေ
မင်းမစားရင် ငါလည်းမစားတော့ဘူး"အတော်အတန်ကြာတဲ့အထိ စကားမေးမရတာမို့သူကအခန်းထဲပြန်ဝင်ဖို့အလှည့်မှာ အနောက်က တံခါးဖွင့်သံကိုကြားရသည်။
ပြန်လှည့်ကြည့်တော့ သူကိုကြည့်မနေ။" ထမင်းသွားစားကြမယ် "
စိတ်ဆိုးနေပုံရတဲ့သူက ရှေ့ကနေသွားနှင့်သည်။ထမင်းဝိုင်းမှာလည်းဘာစကားသံမှမထွက်တာမို့ ဘာကိုများအဲ့လောက်တောင်စိတ်ဆိုးနေလဲစဥ်းစား၍မရ။
စားပြီးတော့ ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲ အပေါ်ပြန်တတ်သွားတဲ့ ဆွန်းချောလ်နောက်ကို သူကပြေးလိုက်ရသည်။
တံခါးမပိတ်ခင်မှာ သူက ခြေနှင့်ထိုးခံထားလိုက်သည်။
စကားပြောဖို့တော့လိုနေပြီထင်သည်။" ဆွန်းချောလ် စကားခနပြောချင်လို့ "
" ရတယ်လေ "
" ဘာဖြစ်နေတာလဲ "
" ဘာဖြစ်နေတာလို့မြင်လဲ "
" ငါကမင်းထက်အကြီးနော် စကားကိုကောင်းကောင်းပြော ဘာဖြစ်နေတာလဲ "
" အမြဲတမ်းဘဲ ဘာဖြစ်နေတာလဲဆိုတာမသိဘူးမဟုတ်လား သိအောင်လည်းမကြိုးစားဘူးမဟုတ်လား "
" ငါ့ကို စိတ်ဆိုးနေတာလား ဘာလို့စိတ်ဆိုးနေတာလဲ "
" ကျွန်တော်က အစ်ကို့ကို စိတ်ဆိုးလို့ရတာလား "
" မင်းကလေးမဟုတ်တော့ဘူးနော်
ချွဲဆွန်းချောလ် မဆိုးနဲ့တော့ ပြောချင်တဲ့စကားကိုပွင့်ပွင့်လင်းလင်းပြောစမ်း "" ကျွန်တော် မပြောချင်လို့ "
" မဟုတ်သေးပါဘူး မင်းမှာငါဘဲရှိသလို
ငါ့မှာမင်းဘဲရှိတာလေ "" အစ်ကို့မှာ ဟန်ဆွန်းထက် ရှိနေပါသေးတယ် "
" ဟင်... ဟန်ဆွန်းထက်က မင်းသူငယ်ချင်းဘဲမဟုတ်ဘူးလား "
" ဟုတ်ပေမယ့် ကျွန်တော့်ထက် သူ့ကို ပိုအရေးပေးလွန်းတယ်မဟုတ်လား
နှစ်ယောက်ယှဥ်ရင်လေ "