ဦးရဲ့ပေါက်စမလေး (or) ချစ်မ၀တဲ့ဇနီးလေး part_3

139 0 0
                                    

လက်ထက်ပွဲမကျင်းပခင်သတိုးသားရောသတို့သမီးကောရင်တွေတုန်နေကြတာပေါ့၊မဂ်လာခန်းမထဲရောက်တော့ တယောက်ကိုတယောက်လက်ခြတ်ပြီး၊လက်စွပ်တွေအပြန်အလှန်၀တ်ပေးကြ၊နောက်ဆုံးပွဲသိမ်းမှာနမ်းကြတာပေါ့၊ဒီလိုနဲ့နှစ်ယောက်လုံးလက်ထက်လိုက်ကြပြီးညနေဦးအိမ်မှာလိုက်နေကတော့မှာပေါ့ပေါက်စက၊သူနေမဲ့အိမ်ရောက်တော့......................ဦးရဲ့monကအိမ်ရှေ့မှာထွက်ဆောင့်ပြီးကားပေါ်ကဆင်းလာတဲ့သတို့သမီးလေးကိုလက်ဆွဲပြီးခေါ်သွားတယ်၊

ဦးရဲ့monက    သမီးကိုယ်အိမ်လိုသဘောထားနေနော်၊အခုသမီးကမားရဲ့မိသားစု၀င်ဘဲလိုတာရှိအကုန်ပြောနော်သမီး

ပေါက်စက    ဟုတ်ကဲ့မား
ခနအကြာတော့သူတို့နေမဲ့အခန်းလိုက်ပြပေးတယ်၊အခန်းထဲရောက်တော့ရေချိုးအ၀တ်လဲပြီး မှန်တင်ခုံရှေ့ထိုင်နေတုန်း တံခါးခေါက်သံကြားလိုက်တယ် တောက်.....တောက်....တောက်...အပြင်ကနေ

‌ဦးက   အ၀တ်လဲပြီးပြီလားခန၀င်လာမလို့

ပေါက်စက    ဟုတ်ရပါတယ်ကိုး

ဦးကအခန်းထဲ၀င်လာခဲ့တယ်၊သူ၀တ်ဖို့အကျီယူ‌တာပေါ့၊အ၀တ်ယူပြီးအိပ်ချိန်ရောက်တော့..................

ဦးက     မင်းကုတင်ပေါ်မှာအိပ်လိုက်ငါဒီနားမှာဘဲအိပ်လိုက်မယ်

ပေါက်စက    အဆင်ပြေလို့လားကိုး တော်ကြာငရဲတွေကြီးကုန်အုံးမယ်

ဦးက     မင်းပြောပုံအရငါအဲ့လောက်ထိအသက်မကြီးသေးပါဘူးဟ

ပေါက်စက     ဘယ်လိုဘဲဖြစ်ဖြစ်ကိုးကယော်ကျာ်းလေးလေတော်ကြာဖုန်းကံတွေနိမ့်ကုန်အုံးမယ်

ဦးက       တော်ပြီအိပ်တော့မယ် ပင်ပန်းလိုက်တာ ဆိုပြီးနှစ်ယောက်လုံးမဂ်လာဦးညမှာနှစ်နှစ်ခြိက်ခြိက်အိပ်ပျော်သွားကြတာပေါ့၊မနက်မိုးလင်းတော့ ပေါက်စလည်းအ၀တ်လဲမျက်နှာသစ်ပြီးအောက်ဆင်းလာခဲ့တယ်ပြီးတော့ဦးရဲ့monနဲ့အတူမနက်စာဝိုင်းကူလုပ်ပေးနေတာပေါ့၊ဦးကလည်းနိုးလာပြီးသန့်ရှင်းရေးတွေလုပ်ပြီးအောက်ဆင်းလာခဲ့တယ်၊မနက်စာဝိုင်းမှာမိသားစုတွေစုံလင်စွာနဲ့ထိုငမလိုက်တယ်၊ဦးရဲ့ဘေးမှာပေါက်စထိုင်လိုက်တာပေါ့ ၊မနက်စာစားပြီးဦးကအလုပ်သွားမယ်လုပ်တော့ (ဦးက ကွန်ဒိုတွေလုပ်တဲ့နေရာမှာဦးစီးတဲ့သူပါနော်)

ပေါက်စက       ကိုးဒီနေ့နေ့လည်စာတခါတည်းယူသွားနော်ပြီးတော့ဗိုက်စာရင်စားဖို့ပေါင်မုန့်ပါထည့်ပေးထားတယ်နော်

ဦးက      ဟုတ်ပါပြီဒါနဲ့ညနေကျစောပြန်လာမယ် မုန့်သွားစားကြမယ်

ပေါက်စက      ဟီးးးတကယ်လားအဲ့တာဆိုreadyပြင်ထားလိုက်မယ်ကိုး

(ဦးတို့များမိန်းမရတာကံကောင်းချက်ဘဲ ထမင်းချိုင့်အပြင်တောင် မုန့်တောင်ထည့်ပေးလိုက်တာ မိန်းမိန်းရဲ့အချစ်ခံယော်ကျာ်းလေးဖြစ်နေတာ)
ပေါက်စလည်းတနေ့လုံးလုပ်စရာရှိတာလုပ်ပြီးညနေသွားဖို့ပြင်ဆင်နေတယ်၊အ၀တ်စားကိုပေါ့ပေါ့ပါးပါးဖြစ်မဲ့ ဘောင်းဘီတိုလေးနဲ့ T-shirt လေး၀တ်ထားလိုက်တယ်၊ကလေးလေးနဲ့အခုမှပိုတူသွားတာပေါ့၊ဦးက4နာရီလောက်ပြန်ရောက်လာတယ်အိမ်ကို၊အိမ်၀ရောက်တော့ပေါက်စကဦးကိုမြင်မြင်ချင်းပြေးသွားကြိုလိုက်တယ်

ပေါက်စက ကိုးရေအရင်ချိူးလိုက်အုံးနော်တော်ကြာညစ်ပတ်ကြီးနဲ့မသွားချင်ဘူးဆိုပြီးအပေါ်ပြေးတက်သွားတယ်၊

ရေချိုးတာကိုစောင့်နေရင်းဦးရဲ့မိဘတွေနဲ့စကားပြောကြတာပေါ့၊ဦးလည်းအောက်ထပ်ဆင်းလာပြီး၊

ဦးက    ပါးမားသားဒီနေ့ဒီကပါးမားရဲ့ချွေးမလေးကိုမုန့်ကျွေးမယ်ပြောထားတာလိုက်ကျွေးမလို့

ပေါက်စက     ကိုးဘာတွေလျောက်ပြော

ဦးရဲ့မိဘတွေက ကဲသွားမယ်ဆိုလည်းသွားတော့လေသား ၊ဟိုရောက်ရင်စားချင်တာအကုန်ကျွေးနော်

သူတို့လည်းအိမ်ကထွက်ပြီးဆိုင်ကယ်ပေါ်ရောက်တော့.................

(မင်ရေးတဲ့စာလေးမှာစာလုံးအမှားပါရင်သည်းခံပြီးဖတ်ပေးကြပါနော် မင်ရေးတဲ့ဦးနဲ့ပေါက်စဇာတ်လမ်းလေးဆက်ရေးသင့်မရေးသင့်ဆိုတာလေးကို cmမှာပြောပေးကြနော်)

ဦးရဲ့ပေါက်စမလေး (or) ချစ်မ၀တဲ့ဇနီးလေးWhere stories live. Discover now