အပိုင်း ၉

42 1 0
                                    

"ခဗျားကျုပ်အလုပ်မှာလုပ်ချင်တာ သေချာလား"

"သေချာပါတယ်ကိုဟန်ရဲ့ ဘာလို့လဲလုပ်လို့မရလို့လား"

အပြင်မှာအလုပ်ရှာရမှာနဲ့အတူတူ ကောင်လေးလုပ်နေတဲ့အလုပ်မှာပဲလုပ်ရင် တစ်ချက်ခုတ်နှစ်ချက်​​ပြတ် ပဲလေ။ဘာလို့လဲတော့မသိပင်မယ့် ကောင်လေးကိုမြင်ချင်တယ်။

         ကောင်လေးရဲ့အမှုအရာတစ်ခုချင်းစီကိုအသေးစိတ်ကျကျလိုက်ကြည့်ချင်တယ်။

What...?ဆိုတဲ့အမေး မေးခွန်းတွေလို အဖြေသိနေရင်တောင် အစီအစဥ်တကျမချထားနိုင်ရင် တစ်ပုဒ်လုံးအမှားခြစ်ခံရမှာပဲ။နှိုင်းနေနိုင်အတွက်တော့အမှားခြစ်ခံရမှာကြိုသိနေသူတစ်ဦးလို ချမရေးရဲဘူး ချမရေးချင်ဘူး။ဒီတိုင်းလေး ငေးနေချင်သေးတယ်။အဖြေချရေးစရာ ...?... ချန်ထားတဲ့ မေးခွန်းကိုအမြတ်တနိုးနဲ့။

"အဲ့လိုတော့လဲမဟုတ်ပါဘူး...အလုပ်ထဲရောက်မှ ခဗျားဗရမ်းဗတာလုပ်ရင် ကျုပ်လဲနာမည်ပျက်မှာ"

ကောင်လေးကသူကို ဝန်ထုပ်ဝန်ပိုးလိုသတ်မှတ်ထားတာပဲ။ကပ်တွယ်မနေသင့်တာသိပင်မယ့် ထိန်းချုပ်မရတဲ့ဒီခန္တာကိုယ်ကတစ်စုံတစ်ခုကို တော်တော်အမြင်ကပ်နေပါပြီ။ ဆွဲထုတ်လို့သာရရင်ဆွဲထုတ်ပြီး ကောင်လေး လည်ပင်းမှာဆွဲကြိုးလုပ်ပြီးတပ်ပေးလိုက်ချင်တော့တယ်။

"ကိုဟန်~~ ကျွန်တော်ကလေ ဘယ်သူတွေဘာပြောပြောဂရုမစိုက်တတ်ဘူးဆိုရင်တောင် ကျွန်တော်ကိုကျွန်တော်ပဲအပြောခံမယ်။ ကျွန်တော်ကြောင့်နဲ့တစ်ခြားသူကိုတော့အပြောမခံဘူး။ ကိုဟန် ဒါတော့စိတ်ချပါ
ကျွန်တော်အတိအကျအာမခံနေပင်မယ့် အဲ့လိုအဖြစ်မျိုးဖြစ်လာခဲ့ရင် ကိုဟန်ကို ကျွန်တော်ကာကွယ်နိုင်တယ်..
ဒါယောက်ကျားတစ်ယောက်ဖြစ်တဲ့ နှိုင်း​နေနိုင် ရဲ့ကတိပဲ..."

"အင်းလေ သဘောပဲ မနက်ကျစောစောထ"

"ကိုဟန်က ကလပ်မှာလုပ်တာမဟုတ်ဘူးလား ညနေမှလေ"

နှိုင်းနေနိုင်ထင်တာ အဲ့ကလပ်မှပဲကောင်လေးကလုပ်နေသေးတယ်ထင်တာ။အဲ့ကိစ္စကြောင့်များ အလုပ်ထုတ်ခံရလိုက်တာများလားလို့တောင်တွေးလိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Jul 29 ⏰

Add this story to your Library to get notified about new parts!

"ခွင့်လွှတ်ခြင်းတွေ မကျော်လွန်ခင်(သို့မဟုတ်)ပျက်ပြယ်ကုန်ပြီလားကတိသစ္စာရယ်"Where stories live. Discover now