My Neighbour Brother

522 59 5
                                    

ဘေးအိမ်က အစ်ကိုကြီးကို ဖွန်ကြောင်ကြမယ်။

"ရှန်ချွမ်းရွေ့ သားဘာလုပ်နေတာလဲ မားမားဆီခဏလာဦး"

"သားမအားဘူး မားမား"

"မအားတော့ ဘာလုပ်နေလို့လဲ"

"ဘေးအိမ်က အစ်ကိုကြီးကို ဖွန်ကြောင်နေတယ်"

ဟုတ်ပါတယ်။ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားလေးရှန်ချွမ်းရွေ့ဖွန်ကြောင်နေတဲ့အစ်ကိုကြီးက သိပ်မကြာခင်ကမှ နိုင်ငံခြားကနေပြန်လာတဲ့ ဘေးအိမ်က ခပ်ချောချောအစ်ကိုကြီး။ နာမည်က ကင်မ်ဂယူဗင်းတဲ့။

ဂယူဗင်းက နှစ်အကြာကြီးနေမှ ကိုရီးယားမြေကို ပထမဆုံးခြေပြန်ချဖြစ်တယ်။ အိမ်ပြန်ရောက်ရောက်ချင်း အရင်ကတည်းကနေခဲ့ဖူးတဲ့ သူ့အခန်းထဲဝင်လိုက်တော့ တွေ့လိုက်ရတဲ့အရာကြောင့် မျက်မှောင်ကျုံ့မိသွားတယ်။ သူမသိတဲ့ လူတစ်ယောက် တိတိကျကျပြောရရင် ကလေးတစ်ယောက် ပါးစပ်ကလည်း ပွစိပွစိနဲ့ ဟောက်သံပိစိလေးထွက်ပြီး ခွေခွေလေးအိပ်နေတဲ့ပေါက်စလေးတစ်ယောက်။ စောင်းအိပ်နေတာမို့ ပါးလေးတွေကလည်း ဖောင်းဖောင်းလေးထွက်လို့။

ဂယူဗင်း အခန်းအပြင်ပြန်ထွက်ကာ အောက်ထပ်မှာရှိတဲ့ သူ့အမေဖြစ်သူကို လှမ်းအော်ပြောလိုက်တယ်။

"မာမီ့ သားအခန်းထဲမှာ အိပ်နေတာဘယ်သူလဲ"

"ဟင် ဘယ်သူအိပ်နေလို့လဲ ဘယ်သူမှမရှိပါဘူး သားရဲ့"

"လာကြည့်ပါဦး မာမီရယ်"

..........................

"ဟင် ရှန်ရှန်လာအိပ်နေတာလား"

"ရှန်ရှန်? ဘယ်သူ.."

"ဘေးအိမ်ကလေသားငယ်ရဲ့ မာမီပြောဖူးပါတယ်"

"အော် အင်း မှတ်မိပြီ ဒီပေါက်စက ဘယ်လိုလုပ်သားအိပ်ရာပေါ်ရောက်နေတာလဲ"

"ကြည့်ရတာ သူ့မားမားနဲ့ စိတ်ကောက်ပြီး လာအိပ်နေတာထင်တယ် သူ့အိမ်နဲ့စိတ်ကောက်ရင် သားအခန်းထဲလာလာအိပ်နေကျလေ"

"အဟက်"

"အိပ်ပါစေ ကလေးမနိုးစေနဲ့နော် ဂယူဗင်း"

"သားလည်း နားချင်သေးတယ်လေ မာမီရာ"

"မနားနဲ့တော့ ခဏနေပြီး ရေချိုးလိုက် ကလေးကို သွားမနှိုးနဲ့နော် ကလေးအိပ်ရေးမဝဘဲဆင်းလာတာတွေ့ရင် မာမီ့အကြောင်းသိမယ်"

Gyuvin * Ricky Oneshot CollectionWhere stories live. Discover now