အချစ်ဆေး
ချစ်မိလိုက်ရင် ပျော်စေချင်တယ်၊
ကျွန်မ့အကြောင်းဘဲ တွေးစေချင်မိတယ်။
ကျွန်မကိုဘဲ အချိန်ပေးစေချင်တယ်၊
ကျွန်မရဲ့လက်ဖမိုးလေးကို ဖွဖွလေး နမ်းစေချင်တယ်။ဒီမိန်းမရဲ့ပါးပြင်ပေါ်မှာ မရေမတွက်နိုင်အောင် ကျခဲ့တဲ့မျက်ရည်တွေကို ရှင့်ရဲ့အနမ်းလေးတစ်ပွင့်နဲ့ သမိုင်းပြန်ရေးချင်တယ်။
ဘယ်အရာကိုမှ အလေးမထား၊ ဂရုမစိုက်မျက်နှာပေးကြမ်းတဲ့ လူမိုက်မိန်းမက ရှင်နဲ့တွေ့တော့
နှုတ်ခမ်းနီလေးတောင် ရန်ဖန်ရန်ခါ ဆိုးမိလာတယ်...။-SEnG (သို့မဟုတ်) Seraphim
YOU ARE READING
ချစ်မိလျှင်သာ... (ဝတ္ထုတို၊ စာတို)
Poetryချစ်မိလျှင်သာ ပြုံးမိလာ၏။ မုန်းမိလျှင်တော့ ကြေကွဲရပါ၏၊ ချစ်လှစွာသော „အကို" အချစ်စာသား၊ အချစ်ဝတ္ထုတိုနှင့် ထိုအမျိုးသားအား ပုံဖော်လိုသည့် စိတ်များ ပြည့်နှံ့နေသော်၎င်း ဖတ်ရှုလျက်ရှိသော ဤသူမှာလည်း ကံကောင်းပါစေ...။