🌹Part (2)🌹

167 8 3
                                    

🌻🌻🌻
ကော်ဖီဆိုင်လေးထဲမှာ ထိုင်စောင့်နေတဲ့ လေဟုန်ခွင်း။ ဆိုင်က လူများပေမဲ့ တိတ်ဆိတ်နေသည်။ ဆိုင်အပြင်အဆင်ကတော့ warmဖြစ်စေတဲ့ ပုံစံမျိုးမို့ ခွင်း သဘောကျပြီး မန္တလေးရောက်တိုင်း လာထိုင်နေကျဆိုင်။ Natural houseတဲ့။ ဆိုင်ရှင်ရဲ့စိတ်ကူးက အတော်ကောင်းသား။

"ခွင်း... မြို့ကို ပြန်ပြောင်းတော့မယ်ဆို..."

ထိုအသံက ခွင်းရဲ့ အတွေးတွေကို ဖြိုခွဲလိုင်သည်။

"ဟုတ်တယ် ...သီဟ ငါ့အသိ အကူညီတောင်းလို့ တစ်နှစ်သွားထိုင်ပေးတာ တစ်နှစ်ပြည့်ပြီဆိုတော့ ငါတို့ဆေးရုံမှာ ပြန်ဝင်တော့မယ်..."

"အစက မင်းက နယ်တွေဆင်းကုချင်တယ်ဆို"

"မြို့မှာနေရမဲ့အကြောင်းကိစ္စရှိလာလို့... ဘာလဲ ရှယ်ယာရှင်ကြီးက ငါအလုပ်ဝင်မှာ မကြိုက်ဘူးလား"

"ကြိုက်ပါ့... မင်းမိဘတွေရဲ့ဆေးရုံပဲ မင်းလာသင့်နေတာကြာပြီ။ မင်းကို မိန်းမယူတော့မယ်ထင်နေတာ လာလုပ်တော့မယ်ဆိုတော့"

"အဟက်.... အဲ့လိုလည်း ပြောလို့ရတယ်...."

"ဘာ.... ဟေ့ကောင်... ခွင်း တကယ်လား"

မျက်လုံးပြူးပြီး တကယ်အံ့ဩသွားသည့် သီဟထွန်းရဲ့ အသံကြောင့် သူများတွေ လှည့်ကြည့်လာကြသည်။

"မင်းအသံလျှော့အုံး..."

သီဟက ခုထိ စကားမပြောနိုင်သေးဘဲ ခေါင်းသာညိတ်ပြသည်။ သီဟနဲ့ခွင်း ခင်တာ ငယ်ငယ်ကတည်းက။ မိဘချင်းရင်းနှီးကြတာမို့ ညီအစ်ကိုတွေလိုနေလာခဲ့ကြတဲ့သူတွေ။ uniရွေးတော့ သီဟက business ရွေးပြီး ခွင်းက ဆေးကျောင်းရွေးခဲ့တာတောင် နိုင်ငံခြားမှာ အတူသွားတက်ခဲ့သည်။ ရည်းစား၂ခါထားဖူးပေမဲ့ အလုပ်ရှုပ်လို့ ခွင်းဘက်က စဖြတ်ခဲ့တာချည်းမို့ မိန်းမယူတော့မယ်ဆိုတော့ သီဟအတွက် မယုံနိုင်စရာကြီး။

"အန်တီတို့ဘာပြောသေးလဲ...."

"ငါ့သဘောပဲတဲ့.... "

"မင်းရဲ့ ချစ်သူလား"

"အဲ့လိုလည်း ပြောလို့ရတယ် ငါ့ညီရဲ့ exရဲ့ အစ်မလည်း ပြောလို့ရတယ်"

You've reached the end of published parts.

⏰ Last updated: Jun 27 ⏰

Add this story to your Library to get notified about new parts!

သူ့အချစ်(OC)Where stories live. Discover now