မင်းသိဖို့(စဆုံး) Unicode

24 3 2
                                    

လေးနှစ်ကျော် ကြာခဲ့ပြီဖြစ်သည့် ပထမဆုံး ဝတ္ထုတိုလေးအား ပြန်လည် တင်ပေးခြင်းဖြစ်သည်။

"မင်းသိဖို့" ၀တ္ထုတို စဆုံး
-----
         စာကြည့်တိုက်ကြီးကို ကြည့်ပြီး သူမ စိတ်တွေ အရမ်းလှုပ်ရှားနေမိသည်။ ရင်ခုန်နှုန်းတွေလည်း အရမ်းမြန်နေခဲ့သည်။ သူမ စာကြည့်တိုက်ကို  အားလပ်သည့် အချိန်တိုင်း ခဏခဏ လာခဲ့သည်။ သို့ပေမယ့် စာကြည့်တိုက်ကို ခဏခဏ လာလို့ စာလာဖတ်သည်ဟု မထင်ပါနှင့်။ သူမမတစ်ဆယ့်ရှစ်နှစ်အရွယ်ကတည်းက တစ်ဖက်သတ် ခိုးချစ်ခဲ့ရသည့် လူတစ်ယောက်ကို တိတ်တခိုးလေး လာကြည့်နေတာသာဖြစ်သည်။
     သူက အရမ်းချစ်စရာကောင်းသည်။ အမြဲတမ်း သူ့မျက်နှာလေးက ပြုံးနေတာ မပြုံးတတ်သည့် သူမကိုတောင် ပြုံးအောင်လုပ်နိုင်ခဲ့တာ သူမ သူ့ကို ကြိုက်မိသွားတာ မမှားဘူးလို့ သူမထင်သည်။ ဘာလို့လဲဆိုတော့ ကျွန်မတစ်ယောက်တည်း သူ့ကို သဘောကျနှစ်သက်မိတာ မဟုတ်လို့ပင်။

"ဪ...မေ့နေလိုက်တာ ကျွန်မ နာမည်က ကေနွယ်သာ အသက်ကတော့ အခုဆို နှစ်ဆယ်ပြည့်သွားပါပြီ။ ဘယ်သူထင်မှာလဲ ကျွန်မ ဒီနေ့တော့ အသည်းတွေ ကွဲတော့မယ်ဆိုတာကို"

        ကေနွယ်သာ ဆိုသည့် သူမ စာကြည့်တိုက်ထဲကို ၀င်ဖို့ ခြေလှမ်း လှမ်းလိုက်တယ်ဆို သူမ ရင်တွေအရမ်းခုန်နေခဲ့သည်။
        သူများတွေဆို ကိုယ် တိတ်တခိုး ချစ်ရသူနဲ့ တွေ့ဖို့ဆို ခြေလှမ်းတွေ အမြဲလေးလံနေခဲ့ပေမယ့် ထူးထူးခြားခြား အဲနေ့ကျမှ သူမ ခြေလှမ်းတွေက သွက်လက်နေခဲ့တာ။  သူမ စာကြည့်တိုက်ထဲ ၀င်လိုက်သည်ဆို သူ ရှိတက်ူည့် နေရာလေးတွေကို လိုက်ရှာပြီး ကြည့်မိသည်။ အစောကြီး ရောက်နေတက်တဲ့ သူက ဒီနေ့ နောက်ကျနေသည်။ သူ ဘာများဖြစ်နေလဲဆိုပြီး သူမ စိတ်အရမ်းပူနေပေမယ့်လည်း သူမ စိတ်ပူရကျိုး မနပ်ခဲ့ပါဘူး။
         နာရီ၀က် အကြာမှာ သူ ကောင်မလေးတစ်ယောက်ရဲ့ လက်ကို ဆွဲပြီး စာကြည့်တိုက်ထဲကို ပျော်ပျော်ရွှင်ရွှင် ၀င်လာ‌ေလသည်။ ကောင်မလေးကြည့်ရတာ သူနဲ့ ရွယ်တူဆိုပေမယ့် သူမ ထက်တော့ အသက်ကြီးပါသည်။ သူမ အဲလိုမြင်လိုက်ရတော့ သူမ နှလုံးသားလေး အရမ်းအောင့်လာခဲ့ပြီး မေ့လဲမတက်ဖြစ်ခဲ့သည်။ သူ့ကို အဲလောက်ထိ ချစ်ခဲ့တာပါ။ သူကတော့ သူမ အချစ်တွေကို သိမယ် မထင်ခဲ့သလို သူမလည်း သူ့ကို ၀န်ခံဖွင့်ဟခြင်း မရှိခဲ့ပါဘူး။
      သူတို့ နှစ်ယောက် သူမ အနားကိုရောက်လာပြီး‌ေနာက် သူမကို ကျော်သွား‌ေလသည်။ သူတို့ကတော့ သူမကို မကြည့်ခဲ့ပေမယ့် သူမကတော့ သူတို့နှစ်ယောက်၏ ကျောပြင်လေးကို ငေးကြည့်နေမိခဲ့သည်။
          သူ့ကို သူမ ပိုင်ဆိုင်ရလိမ့်မယ်လို့ သူမ ဘယ်တော့မှ တွေးမကြည့်ခဲ့ဖူးပေမယ့်လည်း...

ဝတ္ထုတိုများ စုစည်းရာWhere stories live. Discover now