Part-23

4.2K 76 0
                                    

~မချစ်တဲ့ဒုက္ခ~

                 {သို့}

                  (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း<၂၃>

ကံကောင်းထောက်မသည်လို့ဆိုရပေမည်။ ညကမိုးကအုံ့မှိုင်းနေသော်လည်း မရွာပေ။ ဒါ့ကြောင့် သူတို့လင်မယားနှစ်ယောက်စလုံး ဟိုတယ်မှမနက်စောစောထွက်လာခဲ့လိုက်သည်။

ညက အဆင်ပြေကာစသူအချစ်လွန်သွား၍ထင်၏။မနက်ခင်းကျတော့ သူကသာသူမကို အတင်းလှုပ်နှိုး၍ခေါ်ခဲ့ရသည်။အခုလည်း ကားပေါ်မှာ ကားမှန်ဘက်ခေါင်းလေးယိမ်း၍ အိပ်လိုက်လာသည်။ လူပျိုဘဝတုန်းက ညဘက်တွေကလပ်တက် ပါတီတက်နှင့်မို့ အိပ်ချိန်က သိပ်မရှိခဲ့သည့် ကင်းမဲ့အဖို့ အိပ်ရေးပျက်ဒဏ်က စာမဖွဲ့လောက်ပေမယ့် အိပ်ရေးမက်သည့်သူမအတွက်တော့ အဆင်ပြေလိမ့်မည်မဟုတ်။

ကင်းမဲ့ ကားကိုဖြေးဖြေးလေးမောင်းလာခဲ့သည်။ ဖေဖေတို့မေမေတို့ဆီကို သူတို့အဆင်ပြေသွားပြီဆိုတာရယ် ရွာမှာတစ်လလောက်နေဖို့ရယ်....သူ့အဝတ်အစားနဲ့အသုံးအဆောင်တွေကို ဦးဘသောင်းနှင့်ပို့ပေးလိုက်ဖို့ပါ ကင်းမဲ့ ညတွင်းချင်းဖုန်းဆက်ခဲ့လိုက်သည်။

သူမကို သူအချိန်ပေးဖို့လိုအပ်သည်။ အခုဖြစ်ခဲ့သည့်ပြဿနာမှာ သူမကလုံးဝမမှား....သူကသာ သူမကိုဘာမှဖွင့်မပြောဘဲ နေခဲ့၍ ​ဖြစ်သည်။ တုနှိုင်းကင်းမဲ့ဆိုတဲ့ ကျုပ်က အရင်ကဘယ်သူ့ကိုမှအလေးမထားသလို ဂရုလည်းမစိုက်တဲ့ကောင် ဒေါ်ရွှေဝါရဲ့.....အခုတော့ ခင်ဗျားကြောင့်ပြောင်းလဲလာပြီထင်တယ်....

ကင်းမဲ့ အရက်ကထက်​ပြောင်းလဲလာတဲ့သူ့ကိုယ်သူ သဘောကျပြီး ဘေးတစ်ဖက်မှာနှစ်ခြိုက်စွာအိပ်ပျော်နေသည့် ဇနီးချောလေးရဲ့ပါးကို အသာလေးလိမ်ဖဲ့လိုက်သည်။

မုံရွာနဲ့တနယ်ကနည်းနည်းတော့မောင်းရလေသည်။ ညကမိုးမရွာခဲ့၍ တော်သေး၏။မဟုတ်ရင်မုံရွာကနေ တနယ်သွားသည့်ကားလမ်းကပျက်မှာသေချာသည်။

သူမတို့ရွာဝင်ဝင်စမှာ လမ်းနှစ်ခွမို့ ကင်းမဲ့မျက်စိလည်လာ၍ အိပ်ပျော်နေသည့်သူမကိုနှိုးပြီးမေးရသည်။ တောင်ဘက်ကိုကွေ့ပြီး အနောက်တန်းတန်းမောင်းကာ မြောက်ဘက်သို့ပြန်ချိုးရပြန်သည်။ ရွာလယ်လမ်းမှာ ကလေးတွေကဆော့ ခွေးတွေကလည်းရှိနှင့်မို့ ဟွန်းတောက်လျှောက်တီးလာရ၏။

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now