~မချစ်တဲ့ဒုက္ခ~
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၂၄)
"အဆစ်ဘဲလွဲသွားတာပါ ဒေါ်ရွှေဝါရဲ့......စိတ်ပူစရာမလိုပါဘူး "
"နင်ကသာ စိတ်မပူနဲ့ပြောနေတာ.... လက်ကြီးကယောင်ကိုင်းနေတာဘဲ....လိုင်းမမိတဲ့ကိစ္စလည်း ငါ့ပြောရောပေါ့... အိမ်အပေါ်ထပ်ဝရန်တာကနေ ခဏလောက်ထိုင်နေလိုက်... အဲဒါ့ဆိုရင်လိုင်းမိတယ်. "
"ခင်ဗျားကလည်း စောစောကတော့ မပြောဘူး"
"နင်ကဇွတ်ထွက်သွားတာကို..... "
"အဲ့ဒါက ထားလိုက်ပါဦး.....ကျွန်တော် ခင်ဗျားကို မေးစရာရှိတယ် "
"အွန်း....မေးလေ..."
"အခု ကျွန်တော့်လက်ပြလာတဲ့ ဆရာဝန်က ခင်ဗျားနဲ့သိလို့လား....."
"အင်း....သိတယ်လေ....ဘာဖြစ်လို့လည်း...."
"သူက ခင်ဗျားမောင်ကို ခင်ဗျားအကြောင်းတွေမေးနေတာ... တော်ရုံတန်ရုံ နေကောင်းလား ဘာညာဆိုတော်ပြီပေါ့....အခုဟာက အိမ်ထောင်ရေးကအဆင်ပြေရဲ့လား....အရင်လိုရောပြုံးပြုံးရွင်ရွင်ရှိရဲ့လားဆိုတာတွေက ဘာအထာလဲ....... ကြာကူလီအထာလား......"
"ဟယ်....နင်နော်.....ဆရာက နင့်လက်ကိုကုပေးလိုက်တယ်ဆိုတာလည်း သတိရဦး...ပြီးတော့ သူမေးတယ်ဆိုတာကလဲ မိတ်ဆွေအနေနဲ့ရိုးရိုးသားသား မေးတာနေမှာပါ....."
ကင်းမဲ့ မထိခိုက်ထားတဲ့လက်ဖြင့် ခေါင်းကဆံပင်တွေကိုခါပစ်လိုက်သည်။ အိပ်ရာခင်းနေသည့် သူမအား ဘုဂလန့်ကြည့်ကြည့်နေ၏။
"မဟုတ်သေးဘူးနော်.....ကျွန်တော်သိနေတယ်ဒေါ်ရွှေဝါ...အဲဒီ့ဘဲရဲ့မျက်လုံးတွေက ခင်ဗျားအကြောင်းမေးနေတဲ့အချိန်မှာ ရွှန်းလဲ့နေတာဘဲ..ယောက်ဖကလည်းဒီနေရာကျ အရိပ်အကဲမသိဘူး....ကျွန်တော့်ကို သူ့ယောက်ဖပါလို့ဟတောင်မဟဘူး....."
"တုနှိုင်းကင်းမဲ့ရယ်.....နင်ရွာရောက်တာ တစ်ရက်ရှိသေးတယ်နော်....ပြဿနာမရှာချင်စမ်းပါနဲ့ ဆရာက ငါ့ကိုခင်နေလို့မေးတာလို့ နင့်ကိုငါပြောပြီးပြီလေ..."
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...