ဇီးယားအရှေ့တောင်ပင်လယ်၌၀ယ် ကျွန်းနိုင်ငံပေါင်း နှစ်ရာကျော်ဖြင့်ကမ္ဘာမြေပုံပေါ်၀ယ် လှပသေသပ်စွာနေရာယူထားကြ၏။ လပ်စ်ဗို့ကျွန်းနိုင်ငံသည်ကား မြို့ပေါင်း ၂၀ ခုနှင့်ဖွဲ့စည်းထားပြီး ကျန်ကျွန်းနိုင်ငံပေါင်းများစွာထက် စည်းစနစ်ကျသောဥပဒေ၊ ညီမျှသောတန်းတူလူ့အခွင့်အရေးများ ၊ တိုးတက်သောနည်းပညာနှင့် ယှဉ်၍မရသောစီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာမြို့ဖြစ်သည် ။လပ်စ်ဗို့ကျွန်း၏ ကုန်းမြေပိုင်း ဖွဲ့စည်းပုံမှာ ဒိုးနပ်မုန့်ကဲ့သို့ပင်ဖြစ်၏ ။ ကုန်းမြေပတ်ချာလည်၀န်းရံထားသောကျွန်း၏ အလယ်၀ယ် ရေအိုင်ပုံစံငယ် အိုင်လေးတစ်အိုင်ရှိ၏ ။ ရေအိုင်ငယ်လေးဟုဆိုရလောက်အောင်တော့ မသေးချေ ။ ကုန်းမြေများနှင့် ၀န်းရံထားသည်ဖြစ်ရာ ရေသေအိုင်ကဲ့သို့ ဖြစ်နေသည် ။ ထိုသည်မှာလဲ လွန်ခဲ့သည့်နှစ်အချို့ကပင်ဖြစ်၏ ။ ယခုဆိုလျှင်တော့ ရေသေအိုင် အစား ကမ်းခြေငယ်လေးတစ်ခုကိုဖန်တီးနိုင်ခဲ့၏ ။ လူလုပ်လှိုင်းလုံးတုများ ၊ သဲသောင်ပြင်များ ၊ စိုက်ပျိုးထားသော အုန်းပင်များ ၊ ကျောက်ဆောင်အချို့ကိုပင် ကမ်းခြေနှင့်တူအောင်ဖန်တီးထားကြသေး၏ ။ ထို့ကြောင့် ရေသေအိုင် အစား "လပ်စ်ဗို့"ကျွန်းနိုင်ငံ၏ "ရို့ဒ်"ကမ်းခြေဟူ၍ အမည်တွင်၏ ။"ရို့ဒ်"ကမ်းခြေတွင် တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်သူ ပြတ်သည်ဟူ၍ပင်မရှိချေ ။ နိုင်ငံ၏ ပင်မစီးပွားရေးထဲမှ တစ်ခုဟုပင်ဆိုနိုင်ဖွယ်ရှိသည် ။ လည်ပတ်သည့်လူများပြားသည့် အားလျော်စွာ ကမ်းခြေအားပုံမှန်ထိန်းသိမ်းခြင်း ၊ ကမ်းခြေ၌ တရားမ၀င် စည်းကမ်းမဲ့စွာ အမှိုက်ပစ်ခြင်း ၊ သဘာ၀ကျောက်ဆောင်များအား
တမင်ဖျက်စီးပစ်ခြင်းတို့ကို ကာကွယ်ရန်၊တားမြစ်ရန် လုံခြုံရေးများ ၊ ဆင်ဆာစက်များ ၊ စောင့်ကြည့်ကင်မရာများသည် ရှာဖွေ၍ မရနိုင်သော နေရာအနှံ့အပြား၌
တပ်ဆင်ထား၏ ။ ထိုလုံခြုံရေးများမှတစ်ဆင့် ဖမ်းမိသူအား ဒဏ်ငွေအပြင်
"ရို့ဒ်"ကမ်းခြေအား လည်ပတ်ခွင့် ကို အပြီးပိတ်ပင်လိုက်မည်ဖြစ်သည် ။ ရေသေအိုင်တစ်ခုမျှသာတန်ဖိုးရှိခဲ့သော ထိုအိုင်ငယ်လေးသည် မြို့တော်၀န်
ဒိုဖာမင်းဆက်၏လက်ထက်တွင် ရေသေအိုင်မှ ပြည်ပခရီးသွားများ၏ အာရုံအားဖမ်းစားနိုင်စွမ်းရှိသော လူလုပ်ကမ်းခြေတု တစ်ခုအဖြစ်ရပ်တည်နိုင်ကာ နိုင်ငံ့စီးပွားရေးအချက်အချာလုပ်ငန်းသစ်တစ်ခုအဖြစ် တိုးချဲ့နိုင်လာခဲ့ခြင်းဖြစ်သည် ။

YOU ARE READING
မြို့တော်၀န်ရဲ့မျက်၀န်းပြာပြာ
RomanceMyanmar fiction 🍑 Own creation 🌸 ABO world with own universe 🍀 တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ယှဉ်လျှင်တောင် Pheromones ထုတ်လွှတ်နိုင်သောမျိုးနွယ်စုတစ်စုသည်ကား လပ်စ်ဗို့ကျွန်းနိုင်ငံ၌သာရှိသည် ။ ထိုမျိုးနွယ်စုကိုမှ အယ်လ်ဖာ ၊ ဘီတာ ၊ အိုမီဂါ ဟူ၍ပိုင်းခြ...