Part 18

204 21 5
                                    

လခြမ်းပဲ့

အပိုင်း(၁၈)

#လခြမ်းပဲ့

05281138

“ဟလို..မေမေ…ဘာဖြစ်လို့လဲ.”

“ဘာမှ မဖြစ်ပါဘူး..သမီးရဲ့…ငါ့သမီးလေးမှာလည်း ဖုန်းဆက်ရင် တစ်ခုခု ဖြစ်ပြီပဲ ထင်နေတော့တာပဲ..”

“ဆု..ဒီတိုင်း စိတ်ပူနေမိလို့ပါ.”

“ဘာမှ မဖြစ်ဘူး..သတိရလို့ ဖုန်းဆက်လိုက်တာပါ..”

“ဟုတ်..ဆုလည်း ဖုန်းမဆက်ဖြစ်ဘူး..မေမေနေကောင်းလား…မမိခိုင်နဲ့ ကလေးတွေကော နေကောင်းလား.”

‘ကောင်းပါတယ်..မေမေ အိမ်တက်ပွဲလေးလုပ်မလို့ သမီးပြန်လာလို့ရရင် ကောင်းမယ်.”

“ဟုတ်…အစ်မက အလုပ်ပြောင်းေ၇ွ့နေတာနဲ့ အလုပ်များနေတော့ ပြောလို့ရပါ့မလား မသိဘူး မေမေ...”

“ခုရက်ပိုင်းတော့ မဟုတ်ပါဘူး..ရှေ့လဆန်းလောက်မှပါ.”

“ဟုတ်..ဆု ခွင့်ရရင် ပြန်လာခဲ့ပါမယ်.”

“ကောင်းတယ်..မေမေ့သမီးလေးကိုလည်း မတွေ့တာကြာလှပြီ.’

“ဟုတ်..မေမေ...ဆေးကော သောက်ရဲ့လား…နမျောပြီး မသောက်ပဲနေလို့ မရဘူးနော်….မေမေ…”

"သောက်ပါတယ်…သမီးရဲ့…သွေးပေါင်မတက်လည်း သောက်တာပဲ…"

"ဟုတ်…အငယ်လေးကော ကျောင်းသွားလား…"

"သွားကြတယ်…သမီး အလုပ်ချိန်မလား…ဒါပဲလေ...မေမေ က အိမ်တက်လာမလား မေးချင်လို့ ဆက်တာပါ…ကိစ္စထူးလည်း မရှိပါဘူး…”

"ဟုတ်…ဆု မေးကြည့်ပြီး ဖုန်းပြန်ဆက်မယ်နော်…ကျန်းမာရေး ဂရုစိုက်နော်…မေမေ"

"အေးပါ…အေးပါ…သမီးလည်း အစစ ဂရုစိုက်ဦး…"

မေမေ့ ဘက်က ဖုန်းချသွားသော်လည်း ဆု ဖုန်းကို ကိုင်လျက်သားဖြင့် သက်ပြင်းဖွဖွ ချလိုက်မိပါသည်။

စိတ်ထဲမှာ တစ်ခုခု ဖြစ်တော့မယ်လို့သာ ထင်နေမိသည်။

ဆု လက်ထဲက ဖုန်းကို အားသွင်းလိုက်ပြီး အလုပ်ခုံမှာ ပြန်ထိုင်လိုက်သည်။

“ဟဲ့..မိဆု…နင် ဒီနေ့ အလုပ်မဆင်းနိုင်ဘူးလို့ ထင်နေတာ.’

“ဟင်..ဘာဖြစ်လို့လဲ.”

လခြမ်းပဲ့Where stories live. Discover now