ဒေါက်။ ဒေါက်။
"မမ မမအတွက်ဒီမှာပန်းစည်းတဲ့ deli လာပို့တာ"
"ဟင် ဘယ်သူတဲ့လဲ"
စမ်းရည်မျက်ခုံးများတန်းသွားရသည်လေ။ ဟုတ်သည်လေ ထိုသို့ပို့တာတစ်ယောက်တစ်လေလဲမဟုတ်။ တစ်ခါတစ်လေ ပန်စည်းပို့သလိုလိုနဲ့ခြိမ်းခြောက်စာတွေကအစာရေးထည့်ထားသောပန်းစည်းများလဲ စမ်းရည်ရဖူးသည်လေ။
"နာမည်တော့မပါဘူးမမ ဒီအတိုင်း ခလေးမ အတွက်ဆိုပြီးပဲပါတယ်"
ထိုအခါမှ စမ်းရည်ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။ သူ့ကိုထိုနာမ်စားသုံးတာ တစ်ယောက်သောသူသာရှိလေသည်လေ။ ဒါကြောင့်ပင် ချက်ချင်းထိုင်နေရာခုံမှထကာထိုပန်းစည်းကိုယူကြည့်လိုက်ပါတော့သည်။
အနီရောင်ရဲရဲနှင်းဆီပွင့်လေးများနှင့်လှနေသည့်ပန်းစည်းလေးကြောင့် စမ်းရည်အပြုံးဟာရပ်တန့်မရ။ ဒီနေရာမှာတစ်ခြားသူတစ်ယောက်ပို့တာဆိုလျှင်တော့ချက်ချင်းပင်အမှိုက်ပုံးထဲရောက်မှာအသေအချာပင်ဖြစ်သည်လေ။
တောင်။
ဖုန်း noti အသံကြောင့် အပေါ်ကုပ်အင်္ကျီအထဲမှာထည့်ထားတဲ့ဖုန်းကိုယူကြည့်လိုက်တော့ အမျိုးသမီး ဟုမှတ်ထားသည့်နာမည်ကထင်ရှားစွာ။ social media မသုံးသည့်အမျိုးသမီးက viber နှင့် whatapp ကိုသာသုံးသည်။ ဒါတောင်အလုပ်သဘောအရသုံးချင်းပင်။
(နှင်းဆီ ၃၃ ပွင့်က I Love You ကိုကိုယ်စားပြုတယ်လို့ဆိုကျတယ်တဲ့ ဒါကြောင့် တို့အမှတ်တရဖြစ်အောင်ပို့ပေးလိုက်ပါတယ်နော် တို့ကိုသတိရနေပေးနော်ခလေးမ)
သူ့ကိုသတိရပေးဖို့နှင်းဆီပန်းပို့လိုက်တာပါတဲ့လေ။ ချက်ချင်းဆိုသလို google မှာပြေးရှာလိုက်တာတကယ်ပဲ နှင်းဆီအနီရောင်၃၃ပွင့်ကထိုအဓိပ္ပါယ်တဲ့လေ။ စမ်းရည်ပြုံးနေသည်မှာဟန်မဆောင်နိုင်ပါပဲ။
"မမ ဘာလို့အဲ့လောက်ပြုံးနေတာလဲ မဟုတ်မှလွဲကော မမရည်းစားရနေတာလား"
"အပိုတွေမပြောစမ်းနဲ့ သွားလုပ်စရာရှိတာသွားလုပ် ညနေကျရင်ချိန်းထားတဲ့အမှုသည်နဲ့စကားပြောဖို့သေချာပြင်ဆင်ထားချေ"
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Любовные романыတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။