Part 11

33 1 0
                                    

'ငယ်'

'အင်း မောင်ပြောလေ'

'အခုငယ်နဲ့တွေ့ပေးမယ့်မောင့်သူငယ်ချင်းတွေက မောင်နဲ့ဟိုးငယ်ငယ်လေးကထဲကပေါင်းလာတဲ့ကောင်တွေလေ သူတို့ကတော့ငယ့်ကိုသိနေတာကြာပီပေါ့ ဟိုရောက်လို့အဲ့ကောင်တွေကငယ်ကိုစနေရင်စိတ်ထဲဘာမှထားမနေနဲ့နော် သူတို့ကငနောက်တွေမို့စိတ်ခုနေစရာမရှိဘူးငယ်'

'အင်းပါမောင်ရယ် ငါနားလည်ပါတယ် မောင့်ရဲ့ချစ်သူမိန်းကလေးအဖြစ်မဟုတ်ဘဲ ယောကျ်ားလေးချစ်သူအဖြစ်တွေ့ရမှာမို့ငါစိတ်ထဲမရဲဖြစ်နေတာပါ'

'မောင်ပြောပီးပီဘဲငယ်ရယ် မောင့်ငယ်ကိုဘယ်သူမှဘာမှမပြောရဲစေရဘူးလို့ ပီးတော့ဒီကောင်တွေဆိုငယ့်ကိုမမြင်ဖူးသေးတာတောင်ကိုရှင်းသန့်ကိုရှင်းသန့်နဲ့ပြောပြောနေကြတာ ငယ်နဲ့မိတ်ဆက်မပေးသေးဘူးလားခဏခဏပြောနေကြတာငယ်သိလား အဲ့တော့ဘာမှစိတ်မပူနဲ့ငယ်လွတ်လွတ်လပ်လပ်သာနေနော်'

'အင်းပါ '

       တေဇသူ့ဘေးမှာထိုင်နေတယ့်ကောင်ငယ်လေးကိုကြည့်ကာစိတ်မကောင်းဖြစ်မိသလိုအချစ်လဲပိုရသည် သူ့ကိုချစ်လို့သာအဖြေပြန်ပေးခဲ့ရပေမယ့်လူတွေရဲ့အပြောအဆိုကိုသူလေးကြောက်နေတာထင်ပါရဲ့ အခုလဲဟိုကောင်တွေနဲ့တွေ့ရမှာကိုသူလေးစိတ်ထဲမဝင့်မရဲဖြစ်နေတာတေဇသိပါသည် ငယ်ရယ်ဘာမှတွေးပူမနေပါနဲ့မင်းဘေးမှာမောင်အမြဲရှိနေမှာပါကွာ......

'ငယ် ရောက်ပီ ဆင်းရအောင်နော်'

       ဟိုကောင်တွေနဲ့ဆုံနေကြzuko barမှာပဲချိန်းထားတာမို့ ကားပေါ်ကဆင်းလာတဲ့ငယ့်လက်ကိုဆွဲကာbarထဲသို့ဝင်လာလိုက်တော့သည်.....

'တေဇ ငါတို့ဒီမှာ'

        မြတ်သူရနဲ့ကောင်းထင်ကိုတေဇဘေးကကောင်လေးကိုသေချာကြည့်နေမိသည် ပုံထဲမှာမြင်ဖူးပေမယ့် အပြင်မှာအခုလောက်ချစ်စရာကောင်းမည်ဟုမထင်ထားပေ တေဇပြောလို့သာသူတို့ထက်အသက်ကြီးမှန်းသိထားတာ မဟုတ်ရင်သူတို့ထက်သုံးလေးနှစ်လောက်ငယ်မည်ဟုခန့်မှန်းလို့ရအောင်ကိုရှင်းသန့်ကနုသည် ဒါကြောင့်ဒီကောင်ကြီးအရူးအမဲသားကျွေးသလိုဖြစ်သွားတာအဆန်းမဟုတ်တော့ပေ....

You've reached the end of published parts.

⏰ Last updated: Jun 15 ⏰

Add this story to your Library to get notified about new parts!

Mg's Nge💙Where stories live. Discover now