နိုင်ငံလက်ရွေးစင် ဘောလုံးသမားများ လေ့ကျင့်ရာနေရာ
"ယူဂျင်းရေ....ကန်...ကန်ထား..."
"ရေး...ဒါမှ ဟန်ယူဂျင်းတဲ့ကွ..."
"နောက်ဆုံးပိုင်းမှာ ဟန်ယူဂျင်းက ဂိုးသွင်းပြီး cook ပေးလိုက်ပြီ ဟားဟား"
ယူဂျင်း ဂိုးသွင်းပြီးနောက်မှာတော့ ပွဲကြည့်ပရိသတ်နေရာက သူငယ်ချင်းတွေဆီကနေ အားပေးသံတွေကြားရတော့ ပင်ပန်းသွားတာတွေပါ ပျောက်သွားသလို ခံစားရသည်။
ယူဂျင်းက ကျောင်းစာနဲ့ ပတ်သက်ရင် ဘဲဥမကွဲပေမဲ့ ဘောလုံးပိုင်းမှာတော့ မဆိုးလှဟု သတ်မှတ်ခံထားရသည့် ကျောင်းရဲ့ လက်ရွေးစင်ပေါက်စလေး တစ်ယောက်။
ခုလို နိုင်ငံ့လက်ရွေးစင်အသင်းထဲ ပါဝင်လေ့ကျင့်နိုင်ဖို့ဆိုတာ တော်ရုံနဲ့ မရတာမလို့ ယူဂျင်းအခြေအနေက တော်တယ်ပြောရမည်ပင်။ အရည်အချင်းတွေကို အကုန်ထုတ်ပြနိုင်ဖို့တော့ အများကြီး လိုသေးသည်။
၁၉ နှစ်အရွယ် ဟန်ယူဂျင်းရဲ့ အိပ်မက်က နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းရဲ့ ကစားသမားအဖြစ် အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်သည်။
လေ့ကျင့်ရေးဆင်းနေကြသည့် အငယ်တန်းကစားသမားအချင်းချင်း ခြေစမ်းကြသည့် ပြိုင်ပွဲအပြီးမှာ ပွဲကြည့်စင်က အားလုံးကလည်း ကွင်းထဲရောက်လာကာ ဆူကြ ပွက်ကြနှင့် တကယ့်ကို ပွဲတော်ကြီးသဖွယ်။
လေ့ကျင့်ရေးဆင်းနေကြသည့် ကစားသမားတွေပဲရှိကြတာမလို့ နည်းပြအလစ်မှာ ပိုလို့ပင် ဆူနေကြသည်။
"ဟန်ယူဂျင်းတို့ကတော့ အမြဲ ခြေစွမ်းပြနေတော့တာပဲ"
ယူဂျင်းကို စကားလှမ်းပြောရင်း အအေးဘူး ကမ်းပေးလာသည့် ဂျီဟွန်းကြောင့် ပြုံးပြရုံသာ တတ်နိုင်တော့သည်။ ဆူညံနေသည့် လူအုပ်ကြီးကိုလည်း စိတ်မဝင်စားတာကြောင့် ကွင်းဘေးနားရောက်နေသည့် ဘောလုံးဆီသာ ဦးတည်လိုက်တော့သည်။
"အာ့..."
ဘာရယ်မဟုတ် ဘောလုံးကို ခပ်ဖွဖွ ကန်လိုက်ပေမဲ့ ပတ်ဝန်းကျင်ကို မလေ့လာမိသည့် ယူဂျင်းမှာ နာကျင်မှုကြောင့် ညည်းသံလေးကို ကြားလိုက်ရတော့ အလန့်တကြား။
YOU ARE READING
Can't We Be Lover? I'm not a kid anymore!!
Fanfiction"ကျွန်တော်လေ ကိုကို့ကို ကျွန်တော်နဲ့ ရွယ်တူဖြစ်စေချင်တာ" "ဟမ်...ဘာလို့လဲ" "ကိုကို့ညီလေး မဖြစ်ချင်လို့..." "ဒါဆို ယူဂျင်းက ကိုကို့သူငယ်ချင်း ဖြစ်ချင်တာလား...အဟား"