ဟန်ယူဂျင်းက ဘာလေးလဲဆို ကိုကိုကန်မဲ့ ဘောလုံးလေး
၁၉ နှစ်ကတည်းက သူ့မှာ အိပ်မက်တွေ မက် စိတ်ကူးတွေယဉ်ရင်း ကိုကို့ကလေးလေးရာထူးယူဖို့ ကြိုးစားလာရတာ။ ခုထက်ထိ ကိုကို့ညီလေး အနေအထားကနေ မကျွတ်မလွတ်တော့။
ဖရန့်ဇုန်ကို ကျော်လို့ လွတ်ပြီမှတ်တာ ထပ်ရှိတာက မိသားစုဇုန် ညီအစ်ကိုဇုန်ဆိုတော့ ဟန်ယူဂျင်းမှာ ရင်နာနာနဲ့ မြိုသိပ်နေရသည်။
ရည်းစားဖြစ်လာမှ ၁၉ နှစ်ကနေ ခုလက်ရှိ ၂၃ နှစ်အထိ ကြားထဲ သည်းခံခဲ့ရတဲ့ ညီအကိုဇုန်မကျေနပ်ချက်တွေ တစ်ခုချင်းပြောပြီး အာဘွားပေးခိုင်းပစ်မည်။
ခုတော့ ဒီတိုင်း ရှိပါစေဦး။ မရှိလို့လည်း မရတာ။ သူလည်း မတတ်နိုင်တဲ့ဟာကို။
အသက် ၂၃ နှစ်အရွယ် ဟန်ယူဂျင်းက အသက် ၁၉ အရွယ် ဟန်ယူဂျင်းရဲ့ အိပ်မက်တစ်ဝက်ကို ပြီးမြောက်သွားပြီဖြစ်သည်။ ပါရမီအခံရယ် သူ့ကြိုးစားမှုရယ် ပေါင်းလိုက်တော့ နိုင်ငံလက်ရွေးစင်အသင်းထဲ ရောက်ခဲ့ရသလို ဆုတွေလည်း ရထားပြီဖြစ်သည်။
သူ့ကြိုးစားမှုရဲ့ အကြောင်းတရားကတော့ မပြည့်ဝသေးတဲ့ ဒုတိယအိပ်မက်ကြောင့်ဆိုတာတော့ သူကိုယ်တိုင်ပဲ သိသည်။
၁၉ နှစ်ကလေးရဲ့ ကပေါက်တိကပေါက်ချာတွေကို ဟာသလို သဘောထားနေသည့် Model ကိုကိုက 23 နှစ်အရွယ် လူကြီးပေါက်စသာဖြစ်သည်။
ဒီနှစ်တွေအတွင်းမှာ ယူဂျင်းက ဘယ်လိုမြောင်းဖောက်ဖောက် စကားလမ်းကြောင်းစစ ကိုကိုချွမ်ရွေ့မျက်လုံးထဲမှာတော့ သူက ကလေးလေး ဖြစ်နေပုံရသေးသည်။
စစချင်း ခင်စအချိန်ကို ပြန်တွေးမိရင် ယူဂျင်း မရယ်ဘဲ မနေနိုင်တော့။ သူ့ကိုယ်သူလည်း အရမ်းရှက်မိသည်။ သဘောကျနေတဲ့ အကိုကြီးကို "hello ထမင်းစားဦးမလား" လို့ မေးမိတာ သူပဲ ရှိမည်ထင်ပါရဲ့။
အဲ့ကတည်းက ကိုကိုက သူ့ကို ရယ်ရတယ်ဆိုပြီး ညီအစ်ကို တော်ပစ်လိုက်တာ ခုချိန်ထိ ရုန်းမရ ထွက်မရ နွံနစ်နေရသလိုပဲ။ အဆိုးထဲက အကောင်းကတော့ အရူးကွက်နင်းပြီး ကိုကိုခေါ်လို့ရနေတာက ဆုလာဘ်ပေါ့။
YOU ARE READING
Can't We Be Lover? I'm not a kid anymore!!
Fanfiction"ကျွန်တော်လေ ကိုကို့ကို ကျွန်တော်နဲ့ ရွယ်တူဖြစ်စေချင်တာ" "ဟမ်...ဘာလို့လဲ" "ကိုကို့ညီလေး မဖြစ်ချင်လို့..." "ဒါဆို ယူဂျင်းက ကိုကို့သူငယ်ချင်း ဖြစ်ချင်တာလား...အဟား"