[02]

2.5K 181 7
                                    

Manager Of My Heart

လူတွေက ကိုယ်ချစ်တဲ့အရာတွေကို ရူးရူးသွပ်သွပ် ဖက်တွယ်တတ်ကြတယ်တဲ့ ။
တိမ်စိုင်လေးတွေ ကောင်းကင်ပြာမှာ ခိုတွဲသလိုမျိုး
ကျွန်တော်တို့ နှလုံးသားမှာ ခိုတွဲရစ်ပတ်နေတဲ့ ချစ်ခြင်းတရားဆိုတာ ရှိကြတာပဲ ။
ဒါပေမဲ့ ဖမ်းဆုပ်ရာကျ သိပ်ခက်တယ်လေ ။
ဘာလို့ဆို သူတို့က ကိုယ်နဲ့အဝေးတစ်နေရာမှာ ရှိနေကြတာ မဟုတ်လား...။
....................
" ဒီနေ့ ရှူတင်ပြီးရင် အင်္ကျီbrandတစ်ခုက ကြေညာရှိပါတယ် အစ်ကို အစ်ကို ပင်ပန်းနေရင် ကျွန်တော် ရွှေ့ပေးဖို့ လှမ်းပြောရမလား ညကျရင်လဲ နောင်ရိုက်မဲ့ စီးရီးအသစ်အတွက် ပါတီတစ်ခု တက်စရာရှိတာကြောင့်ပါ အဲ့တာက မဖြစ်မနေ တက်ရမှာမို့... "
တီရှပ်အဖြူလေးပေါ်မှာ ကာကီရောင်ဆွယ်တာလေးကို ထပ်ဝတ်ထားသူဟာ သူ့ရဲ့ လေးထောင့်မျက်မှန်လေးကို တစ်ချက်ပင့်တင်ရင်း ပြောလာသည် ။
ဒူးခေါင်းအထက်ရှိ ဘောင်းဘီတိုလေးကြောင့် သွယ်လျနေသည့် ခြေတံလေးတွေဟာလဲ အထင်းသားပင်။
ပုံမှန်မြင်သူတိုင်းဆိုလျှင် အနှီကောင်လေးကို တက်သစ်စ မင်းသားတစ်လက်ဟုတောင် အထင်မှားလောက်အောင် လှပသည့် မျက်နှာလေးလဲ ရှိသေးသည်။
သို့သော် သူသည် မင်းသားတစ်လက်မဟုတ်ဘဲ လျှမ်းလျှမ်းတောက် အောင်မြင်နေသည့် မင်းသားတစ်ဦးကို တာဝန်ယူထားရသည့် မန်နေဂျာတစ်ဦးပင် ဖြစ်သည် ။
" ကျစ်! ဒီလိုဘောင်းဘီ အတိုကို ဝတ်တာ ငါစိတ်အနှောက်အယှက်ဖြစ်တယ်လို့ မင်းကို ငါပြောထားတယ်လေ "
" ဗျာ "
နေကာမျက်မှန်ကို ဆွဲချွတ်လိုက်ကာ သူ့အား မျက်ဝန်းစိမ်းတွေဖြင့် ကြည့်လာသူဟာ တစ်ခြားမဟုတ် ။ သူ၏ မင်းသား မဟုတ်ဘူး တစ်နိုင်ငံလုံးရဲ့ မင်းသား ပွန်းနာရာဝစ်ပင် ။လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကမှ ပုံစံသွင်းလာသော အညိုရောင် ဆံပင်ရှည်တွေကို ခပ်ကြမ်းကြမ်းထိုးဖွလိုက်ပုံကတောင် ဆွဲဆောင်မှုရှိလွန်းနေသည် ။
ဟုတ်တယ် ...။
ခွန်နာရာ ဆိုတာ အသက်ရှူနေတာတောင်မှ ဘေးက ငေးမိတဲ့သူတိုင်းကို မေ့မောစေလောက်တဲ့အထိ မိမိုက်သူမျိုး ။
လူတိုင်းလိုလိုဖမ်းဆုပ်ချင်မိတဲ့ အိပ်မက်ထဲက တိမ်စိုင်လိုလူမျိုး ။
ဒါဆို အဲ့ဒီ့လူတွေထဲမှာ သူဟာလဲ ကျိန်းသေပေါက် ပါဝင်တာပါပဲ။
သူ့အတွေးနှင့်သူမြောနေတုန်းမှာပင် အစ်ကိုဟာ သူ့ရှေ့သို့ မတ်တပ်ရပ်ကာ အနည်းငယ် ကြောက်ဖို့ကောင်းနေသည့် ပုံစံဖြင့် စူးစူးစိုက်စိုက် ကြည့်လာသည်။
'' ငါပြောနေတာ ကြားလား ဖူဝင်းတန် အခုချက်ချင်း မင်းအဝတ်အစားကိုသွားလဲ ''
ဖြူဖွေးနေတဲ့ ခြေတံလေးတွေဟာ အသားရောင် ဘောင်းဘီလေးအောက်မှာ ထင်းလင်းစွာ ။ အဲ့တာက နာရာ့ စိတ်ကို အတော်လေး ဒုက္ခပေးနေသည် ။ ညက အိပ်ရေးပျက်ထားသည်ကြောင့်လား ဘာကြောင့်မှန်းမသိပေမဲ့ တစ်စစ လှိုက်တက်နေသည့် ဒေါသတွေကို ထိုကောင်လေး အပေါ်သာ ပုံချလိုက်ဖို့ နာရာက ပြင်သည် ။
" ဟို ကျွန်တော့်မှာ အဝတ်အစားအပိုမပါဘူး အစ်ကို ကျွန်တော်တောင်းပန်ပါတယ်နော် နောက်တစ်ခါ မဖြစ်စေရတော့ပါဘူး "
" ကျစ် အမြဲတမ်း အရာရာနဲ့အကြောင်းကြောင်းပဲ "
နာရာက ပါးစောင်ကို လျှာဖြင့် တစ်ချက်ထိုးရင်း သူဝတ်ထားသည့် ဂျင်းအင်္ကျီအပွကြီးကို ချွတ်သည် ။ ထို့နောက် လက်တစ်ဖက်ထဲဖြင့် ဖူဝင်း၏ ခါးတစ်ဝိုက်ကို ဆွဲခေါ်လိုက်တော့ သူ့လက်ထဲကို ထိုကောင်လေးဟာ ဆွေ့ခနဲပါလာသည် ။
" အစ်ကို "
" ငြိမ်ငြိမ်နေ "
ချိုချဉ်နံ့လိုမျိုး ရေမွှေးနံ့ သင်းသင်းလေးရသည် ။
သူရုတ်တရက် ဆွဲခေါ်လိုက်တာကြောင့် လန့်သွားဟန်ရှိတဲ့ မျက်ဝန်းလေးတွေက နာရာ့ အာရုံတွေကို ခေတ္တ ထွေပြားစေသည် ။
ခပ်ဖူးဖူး နှုတ်ခမ်းပါးလေးတွေဆီ အကြည့်ရောက်တဲ့အခါ နာရာက ချက်ချင်း အကြည့်လွှဲကာ သူ့လက်ထဲက ဂျင်းအင်္ကျီကို ဖူဝင်းခါးတစ်ဝိုက်မှာ ခပ်မြန်မြန်ပဲ ဆွဲချည်ပေးလိုက်တော့သည် ။
" ဟယ် အစ်ကိုလေးနာရာ အဲ့တာ ဒီနေ့ရိုက်ကွင်းမှာ ဝတ်ဖို့ brand တစ်ခုက ပို့ပေးထားတာ ဟို ဝတ်...ဝတ်မှ ဖြစ်မှာလေ "
Stylist team မှာ အစ်မတစ်ယောက်ဟာ အပြေးတစ်ပိုင်းဖြင့် သူတို့အနားသို့ချင်ချင်းရောက်လာပြီး ပြာပြာသလဲလဲ ပြောရှာသည်။
သို့သော် နာရာသည် အာရုံမရှိ ။ သောက်လတ်စ ကော်ဖီခွက်ကိုယူကာ ဆက်သောက်နေသည်။
ဒီတစ်ဇွတ်ထိုး မင်းသားကို ဘယ်သူမှ မနိုင်တာသိတာကြောင့် တစ်ဖက်က အစ်မဟာလဲ ငိုတော့မလို မျက်နှာဖြင့် ဖူဝင်းကို အသံတိတ် အကူညီတောင်းသည် ။
" ငါ့လက်နဲ့ဝတ်ပေးထားကို ချွတ်ရဲရင် ချွတ်ကြည့်လိုက်လေ "
ခါးက အင်္ကျီကို ဖြည်မလို့ ကြိုးစားနေတုန်း ထွက်ျလာတဲ့ အသံဩဩကြောင့် ဖူဝင်းလက်တွေဟာ တန့်ခနဲ ။
သူမလုပ်ရဲပါ ။ အစ်ကိုအမိန့်တွေအောက်မှာ နေသားကျနေတာ နှစ်တွေ ဘယ်လောက်များတောင်မလို့လဲ ။
" အစ်မ ကျွန်တော် ဒီအင်္ကျီကို မဝတ်နိုင်ဘူး နောက်တစ်ထည်ယူလာပေး ပြီးတော့ ဒီအင်္ကျီကို သူ့ဆီကလဲ ယူရဲရင် ယူကြည့်ကြ ကျွန်တော်ကြည့်လို့ သူ့ဆီမှာ ဒီအင်္ကျီမရှိရင် အကုန်လုံးမလွယ်ဘူးမှတ် !"
Stylist အစ်မဟာ စိတ်ညစ်လွန်းစွာ သူ့နဖူး သူကုတ်သည် ။မင်းသားမသိတဲ့အချိန်မှ ဖူဝင်းဆီက အင်္ကျီအားတိတ်တိတ်လေးပြန်ယူကာ ရိုက်ကွင်းဝင်ခါနီးမှ နာရာ့ကိုပြန်ဝတ်ပေးမဲ့အစီစဉ်က ကြက်ပျောက်ငှက်ပျောက်။
ရှူတင်မှ တခြားအဖွဲ့သားများသည်လဲ သူတို့ပါ မဆီမဆိုင် အကျိန်းခံသွားရသည်မို့ အကုန်လုံး အံ့ဩစွာ ပြူးတူးကြောင်တောင်ဖြစ်ကုန်ကြသည် ။
ဖူဝင်းသည် ထိုအစ်မကို အားနာစွာဖြင့် တစ်ချက်ပြုံးပြခဲ့ပြီး ထွက်သွားပြီ ဖြစ်သော မင်းသားနောက်သို့ အပြေးတစ်ပိုင်း လိုက်ရသည်။
" အစ်ကို အစ်ကိုနေပါဦး နောက်ကြေညာ ရှူတင်က ဖျက်ရဦးမှာလား အဲ့တာ ကျွန်တော် ဘယ်လိုလုပ်ရ "
" ဒုတ် ! "
" အာ့ !"
နာရာက သူ့ခြေလှမ်းတွေကို ရပ်လိုက်တဲ့အခါ အနောက်က ပြေးလိုက်လာသော ထိုကောင်လေးနဖူးနဲ့ သူ့ကျောပြင်ဟာ ဘုတ်ခနဲ မြည်အောင် မိတ်ဆက်တော့သည် ။
" ရှုပ်လိုက်တာကွာ "
ဒီနေ့ အစ်ကို့ဆီက ဆူခံရသည်မှာ နှစ်ကြိမ်မြောက် ရှိပြီမို့ ဖူဝင်းမျက်နှာလေးဟာ ဆူဆူပုပ်ပုပ်လေးဖြစ်လာသည် ။ အစ်ကို့ကို မောကြည့်လိုက်ပေမဲ့ အစ်ကိုက သူ့ကို ခါးထောက်ကာ မျက်မှောင် ကြုတ်ကြည့်နေသည့်မို့ ချက်ချင်း မျက်လွှာပြန်ချထားလိုက်သည် ။
" ကြေညာလဲမဖျက်နဲ့ ဒီညပါတီလဲ မင်းပါ တူတူတက် "
" ဟုတ်ကဲ့ အစ်ကို "
" ပြီးတော့ နောက်တစ်ခါ ငါနဲ့ရှူတင်လိုက်ရင် ဒါမျိုး ဘယ်တော့မှ ထပ်မဝတ်နဲ့ မဟုတ်ရင် မင်းခြေထောက်တွေ မလှုပ်နိုင်တဲ့အထိ ချုပ်နမ်းပစ်မယ် ကြားလား !! "
" ဗျာ "
မျက်မှန်အောက်က မျက်ဝန်းလေးတွေ ဝိုင်းလာကာ နီဆွေးဆွေးဖြစ်လာတဲ့ မျက်နှာလေးကိုကြည့်ရင်း နာရာက ခေါင်းကိုခါပစ်လိုက်သည် ။
ဒါမျိုးတွေကြောင့် သူစိတ်မချနိုင်တာ ။
ဒီလို အူတူတူ ပုံစံကတောင် ချစ်ဖို့ကောင်းနေတာ ဖူဝင်းတန် ဒီအရူးလေးတစ်ယောက်ပဲ ရှိမယ်ထင်တယ် ။
ဒါပေမဲ့ အဲ့လို ချစ်ဖို့ကောင်းနေတာက သူ့စိတ်ကို အတော်လေးရှုပ်စေတယ် ။
ဘာကြောင့်လဲဆို အဖြေမရှိ ရှာဖို့လဲ သူ မကြိုးစားပါ ။ ဘာလို့ဆို ဒီကောင်လေးက သူ့ဘေးနားမှာပဲ ထာဝရ ဖမ်းချုပ်ထားလို့ရနိုင်သည်ဆိုတာ သေချာလွန်းတယ်မဟုတ်လား ။

PondPhuwin Fanfic Event Where stories live. Discover now