အခန်း (၆) - အဲ့ဒါ အကုန်မင်းပဲ
"ဒီလိုဆိုရင် ကျိုးယွီနဲ့ငါ ဒီကိစ္စကို ဆက်မပြောတော့ဘူး။ အခု အရေးအကြီးဆုံးအရာက ငါတို့ ကြိုတင်ပြင်ဆင်ထားဖို့ပဲ"
"အမေ တကယ်လို့ ဒါက တစ်အိမ်လုံးကို သတ်ဖြတ်ချင်တာဆိုရင်တော့ ကံကြမ္မာကို လက်ခံကြရုံပဲ။ ပြည်နှင်ဒဏ်ဆိုရင်တော့ ကျွန်တော်တို့ လမ်းမှာ ငတ်ပြီးမသေအောင် လက်ထဲမှာ ပိုက်ဆံရှိနေဖို့လိုတယ်"
အမေ ကျွန်မရဲ့ ကိုယ်ပိုင်ဝေစုထဲမှာ ငွေလျန်သုံးရာရှိပါတယ်။ ကျွန်မတို့ လမ်းမှာ ချိုးခြံချွေတာမယ်ဆိုရင် လုံလောက်နိုင်ပါတယ်" ဆဌမမရီးက အရင်ဆုံး ပြောလိုက်သည်။
ကိုယ်ပိုင်ပိုက်ဆံအကြောင်း ပြောရလျှင် အဌမမရီးမှာ ယုံကြည်ချက် ကင်းမဲ့လို့နေသည်။
"အမေလည်း သိပါတယ်။ ကျွန်မက ကောင်းကောင်းစားရတာ ကြိုက်တဲ့လူဆိုတာကို။ အဲ့ဒါမို့ ကျွန်မရဲ့ လစဥ်ပိုက်ဆံတွေကတော့ မုန့်တွေ ဝယ်လိုက်တာနဲ့ ကုန်ပါပြီ။ ဒါပေမဲ့ ကျွန်မမှာ ပိုက်ဆံနဲ့ လဲလို့ရမဲ့ လက်ဝတ်ရတနာလေးတွေတော့ ရှိပါတယ်"
"ကျွန်မမှာလည်း ပိုက်ဆံနဲ့လဲပြီး ယူသွားလို့ရမဲ့ အဖိုးတန်တာလေးတွေ ရှိပါတယ်"
မရီးများက တစ်ယောက်ပြီး တစ်ယောက် သူမတို့၏ ပိုင်ဆိုင်မှုများကို ပြောနေသည်ကိုကြည့်ပြီး မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
မရီးတွေမှာ ကိုယ်ပိုင်ငွေ ရှိကြတယ်ဆိုပေမဲ့ ဒါတွေက ဒါတွေက ဘဏ်စာရွက်တွေနဲ့ ကွာခြားတာ သူမတို့နှစ်ယောက်လုံး သိကြသည်။ ဧကရာဇ်က သူမတို့ကို ဒါတွေ လွယ်လွယ်ကူကူနဲ့ ယူဆောင်ခွင့် ပေးပါ့မလား။
အဲ့လိုသာဆို မိသားစုတစ်ခုလုံး ချွတ်ချုံကျသွားအောင် အသိမ်းခံရမည်မဟုတ်ပေ။
"မရီးတို့အားလုံး စိတ်ကောင်းရှိတာ ကျွန်တော်သိပါတယ်။ ဒီအခြေအနေထိတောင် ရောက်နေမှတော့ အဲ့ဒါတွေကို ဘဏ်စာရွက်တွေနဲ့ လဲဖို့ အချိန်မရှိတော့ဘူး"
မော့ကျိုးယွီ၏ စကားလုံးများက မရီးရှစ်ယောက်လုံးအား ရေအေးဖြင့် လောင်းချလိုက်သလိုပင်။
YOU ARE READING
ကာကွယ်ဝန်ကြီးအိမ်တော်မှ အံ့ဖွယ်သမားတော် ချစ်ဇနီးအချောအလှလေး (မြန်မာဘာသာပြန်)
Romanceမော်ဒန်ခေတ်မှ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဟဲကျစ်ယန်ဟာ သူမရဲ့ သူရဲကောင်း မော့ကျိုးယွီ၏ ဂူဗိမာန်ကို အလည်သွားရောက်ခဲ့ရာမှ မြေငလျင်နှင့် တိုး၍ မြေကြီးအောက် အတူမြှုပ်နှံခံခဲ့ရပြီး မော့ကျိုးယွီနှင့် စေ့စပ်ထားသည့် မိန်းကလေးအဖြစ် ရှေးခေတ်သို့ ကူးပြောင်းရောက်ရှိခဲ...