Chapter (1) : President in a cage(1)

19 1 0
                                    

(Unicode)

အချိန်ကမနက်၈နာရီကိုပြနေပေမယ့်ကောင်းကင်မှာတော့အလင်းရောင်ပေါ်မလာသေးဘူး။ S City မှာဆောင်းရာသီဝင်နေတာရက်တော်တော်ကြာနေပြီ အရင်နေ့တွေကသိပ်မအေးပေမယ့် ဒီနေ့တော့အပူချိန်ကသိသိသာသာကျသွားပြီးအနိမ့်ဆုံးအပူချိန်ဆိုရင်သုညဒီဂရီအောက်တောင်ဖြစ်နေသည်။

တစ်ညလုံးမိုးရွာတာကြောင့် အိမ်ခေါင်မိုးတွေမှာပါရေစိမ့်ကုန်ပြီးဒီနေ့အထိမိုးအုံ့နေသေးကာမြောက်လေကလဲတိုက်နေတယ်

မနေ့ကအထိ ဆွယ်တာအင်္ကျီဝတ်ပြီးလမ်းမပေါ်ပြေးလွှားနေတဲ့လူငယ်လေးတစ်ယောက်ဆိုလျှင်အတွင်းအင်္ကျီအထပ်ထပ်ဝတ်ထားတာတောင်တုန်တုန်ရီရီဖြစ်နေသေးသည်။

ဆိုင်ကယ်စီးလာတဲ့ယာဥ်ထိန်းရဲနှစ်ဦးကလမ်းတစ်လမ်းထဲချိုးဝင်လိုက်ချိန် ကားရပ်ခွင့်မရှိတဲ့လမ်းဘေးမှာကားတစ်စီးရပ်ထားတာတွေ့လိုက်ရတာမို့လို့ ထိုကားစီဦးတည်သွားလိုက်ကြတယ်။

ကားထဲမှာတော့ ကြည့်ကောင်းလွန်းတဲ့မျက်ခုံး နှင့် ကြယ်တွေလိုတောက်ပနေတဲ့မျက်ဝန်းကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ဦးထိုင်နေသည်။ အသက် ၂၀ ဝန်းကျင်လောက်ပဲရှိသေးမယ့်လူချောလေးက ကားမောင်းတဲ့လူထိုင်တဲ့ခုံမှာထိုင်နေပြီးလက်ထဲမှာတော့ ပေါက်ဆီတစ်လုံး နဲ့ ပဲနို့တစ်ဘူးကိုကိုင်ထားကာ တစ်ခုခုကိုတွေးတောနေသလိုမျိုးငေးငိုင်နေ၏

ဆိုင်ကယ်နောက်မှာထိုင်နေတဲ့ယာဥ်ထိန်းရဲတစ်ဦးကသားရေလက်အိတ်ဖြင့် ကားမှန်ကိုခေါက်လိုက်တော့မှ  လူငယ်လေးကအခုမှလန့်နိုးသလိုဖြစ်သွားပြီးလှည့်ကြည့်လာတယ်

လူငယ်လေးကယာဥ်ထိန်းရဲကိုပြုံးပြကာတောင်းပန်လိုက်ရင်း လက်ထဲကပေါက်ဆီနဲ့ပဲနို့ကိုကုတ်အင်္ကျီအိတ်ထဲထည့်ပြီးကားမောင်းထွက်လာလိုက်တယ်။

ကားကိုဖြည်းညှင်းစွာမောင်းထွက်လာပြီးချိန် လုယန်ကျိူးမျက်နှာမှာအပြုံးတွေပျောက်ကွယ်သွားပြီး မကောင်းတဲ့ခံစားချက်ကလဲပေါ်လွင်လာသည်

သူကအချိန်ကိုဖြတ်ကျော်ပြီးခရီးသွားခဲ့ရာကနေ ဒီလောကထဲမှာမနက်စာအတွက်ပေါက်ဆီနှင့်ပဲနို့ကိုဝယ်နေတဲ့လုယန်ကျိုးဆီကူးပြောင်းလာခဲ့ပြီး ကားထဲရောက်ချိန်မှာမူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေကိုရခဲ့တယ်

Hold His Hand(Myanmar Translation)Where stories live. Discover now