နှစ်ဆယ့်လေး(U+Z)

4.7K 247 38
                                    

Unicode

"အန်တီ"

        ဒီစကားကိုတော့ မောင်သိပ်ကြောက်သည်။နုကို ခဏလေးတောင်ထွက်မသွားစေချင်။အပြီးတိုင်သာထွက်သွားရင်ဖြင့် မောင်ရူးရချည်ရဲ့။မောင်အသက်မဲ့သွားရချည်ရဲ့။

"မင်းပြန်တော့။ဒီလိုပုံစံနဲ့တို့ဆီကိုဘယ်တော့မှမလာနဲ့"

"မောင်ပြန်ပါ့မယ်။မောင့်ကိုခဏလေးပဲခွဲနေပေးပါ။အကြာကြီးဆိုရင် မောင် မောင်ရူးသွားလိမ့်မယ်"

          လက်တွေကို ဖယ်ရှားပေးကာ ကိုယ်တိုင်ပင်တံခါးဖွင့်ပြီး ကျောခိုင်းသွားလေသည်။အခန်းတံခါးကိုပြန်ပိတ်လိုက်သည့်နုလက်တွေ တုန်ယင်နေပြီး မျက်ဝန်းမှမျက်ရည်ကြည်တွေစီးကျလာတော့သည်။မောင့်ကို နုသိပ်ချစ်သည်။သိပ်ချစ်ရတဲ့မောင့်ကို ဘယ်လိုနည်းနဲ့မှမခွဲချင်ပေ။သို့သော်လည်း အတင်းထိန်းချုပ်ထားတဲ့စိတ်ကြောင့်သာ မောင့်ကို ရက်စက်စွာပြောနေမိသည်။ဘယ်အချိန်တုန်းကမှ မောင့်ကို နုအပြစ်မမြင်ခဲ့ပေ။အပြစ်လည်းမမြင်သည်မို့ ခွင့်လည်းခွင့်လွှတ်သည်။ကျန်ခဲ့သည့်နုသည်လည်း ထွက်သွားသည့်မောင့်နည်းတူ နာကျင်ကြေကွဲနေရတော့သည်။

*

          ဆေးရုံကပြန်လာကတည်းက စိတ်တွေအဆင်မပြေတာ ယခုထိပင်။ထိုသို့ဖြစ်ခြင်းဟာလည်း မောင့်နဲ့သာ ရာနှုန်းပြည့်သက်ဆိုင်လေသည်။မနက်ကတည်းက မြင်လိုက်ရသည့် မောင့်မျက်နှာကို မျက်လုံးထဲမြင်လာတော့ သနားစိတ်ဖြစ်ကာ ဝမ်းနည်းမိပြန်သည်။ပြဿနာတစ်ခုလုံးကိုခြုံငုံကြည့်ပြန်တော့ ကိုယ်တိုင်လည်းမှားသည်ဟု နုခံစားရသည်။ကိုယ့်ကိုချစ်လွန်း၍ အခုလိုဖြစ်တဲ့မောင့်ကို နုနားလည်သည်။ခွင့်လွှတ်သည်။

သို့သော်လည်း စိတ်ဟာမပြတ်သားနိုင်ဘဲတင်းခံနေသည်ကြောင့် နှစ်ဦးစလုံးနာကျင်နေရပြီ။ဖုန်းကိုဖွင့်ကြည့်မိတော့ မောင့်ရဲ့အဝင်ကောလ်တွေအများကြီးတွေ့သော်လည်းနုပြန်မခေါ်
ဖြစ်ဘဲ အတိုင်းတိုင်းသာကြည့်နေမိသည်။ယခုအချိန်မှာ မောင်လည်းကိုယ့်နည်းတူခံစားနေရမှာ နုသိသည်။
ပျော်ရွှင်မှုကိုဖန်တီးလိုက်ကာမှနာကျင်မှုအဖြစ် ပြောင်းသွားသတဲ့လား။ကံကြမ္မာကပဲကျီစယ်သွားလေသလား။နုနဲ့မောင်ကပဲ မှားယွင်းနေလေသလား။

"မောင့်ကြင်နာသူ"Where stories live. Discover now