"ဟဲ့ သားရေ သားငယ်မထသေးဘူးလား သင်တန်းသွားရအုံးမှာလေ"
"ဟာ မားကလည်းဗျာ သားမထချင်သေးဘူး"
"မထလို့မရဘူးလေကွယ် ထတော့သားငယ် 8နာရီထိုးတော့မှာနော်"
"ဗျာ...8နာရီထိုးတော့မှာလား...မားကအစကတည်းကနှိုးတာမဟုတ်ဘူးဗျာ အခုနောက်ကြနေပြီ အမြန်လုပ်မှပဲ"
အဲ့တာနဲ့ဝမ်ရိပေါ်လဲအမြန်လုပ်ပြီးအောက်ထပ်ဆင်းလာလိုက်တယ်
"ဟဲ့သားငယ် မနက်စာစားသွားအုံးလေ"
"တော်ပြီမား သားမစားတော့ဘူး နောက်ကျနေလို့"
"အော်အေးအေး သားသေချာသွားနော် ဆိုင်ကယ်ကိုအမြန်စီးမသွားနဲ့ အပြန်ကြ ဒဏ်ရာလဲ ရမလာစေနဲ့"
ရိပေါ်လည်းမားစကားအဆုံး အမြန်ထွက်လာလိုက်တယ်
______________________________________
ရှောင်းကျန့်တစ်ယောက်အိမ်ပေါ်ကအမြန်ဆင်းလာရင်း ထမင်းစားခန်းနားအရောက်"သားရှောင်း ကုမ္မဏီ သွားတော့မှာလား"
"ဟုတ်မားသားအရေးကြီး meeting ရှိလို့ သွားတော့မယ်နော်"
"အေးအေး သား"
ရှောင်းကျန့်လည်းအမြန်ထွက်လာရင်း အတွင်းရေးမှူးနဲ့ကုမ္မဏီ ကိုအမြန်သွားရတော့တယ်
လမ်းအကွေ့တစ်နေရာအရောက်
"ကျွီ.....ဒုန်း..."
"ဘာဖြစ်တာလဲ"
"ဘော့စ် အရှေ့မှာဆိုင်ကယ်နဲ့ကောင်လေးတစ်ယောက်ကိုတိုက်မိတယ်ထင်တယ်ဗျ"
"ကျစ်....ဇယားတွေ အရေးကြီးကိစ္စရှိပါတယ်ဆိုကွာ ပိုက်ဆံပေးပြီးပြန်လွှတ်လိုက်"
"ဟုတ် ဘော့စ်"
အတွင်းရေးမှူးလည်း အပြင်ထွက်လာတော့ ကောင်လေးက လဲနေရာမှထလာပြီး
"ခဗျားတို့ ကားကိုဘယ်လိုမောင်းနေကြတာလဲ ...လူတစ်ယောက်လုံးလာနေတာတောင်မမြင်ဘူးလား"
အတွင်းရေးမှူးလည်း
"တောင်းပန်ပါတယ်ဗျာ ဒီကသခင်လည်း ဘာဖြစ်သွားသေးလဲ"
"လူတစ်ယောက်လုံးပွန်းပဲ့သွားတာကိုမမြင်ဘူးလားဗျ"
ရိပေါ်လဲစိတ်ထဲ မားကဒဏ်ရာမရစေနဲ့ဆိုမှကွာဆိုပြီး ဒေါသထွက်နေတယ်