7

110 10 23
                                    

သူအိပ်ယာကနိုးနိုးချင်းမှာတော့ တစ်အိမ်လုံးကခပ်ရှင်းရှင်းရယ်။ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်ခြည်နဲ့သူနိုးနိုးချင်းခေါင်းတွေပိုနောက်ကျိသွားစေတဲ့ အိမ်တွင်းထွန်းတဲ့ဖယောင်းအနံ့တွေ။ ဒီအနံ့တွေဟာ သေချာပေါက် ကင်မ်ထယ်ယောင်းအကြိုက်တွေပဲနေမှာ။ သူထယ်ယောင်းထွန်းပေးထားခဲ့တဲ့ဖယောင်းဗူးလေးကို မီးမှုတ်ကာအဖုံးဖုံးချလိုက်သည်။
ပြီးတော့ နောက်ကျိနေတဲ့ခေါင်းတွေဆေးဖို့အောက်ထပ်ဆင်းလာလိုက်သည်။

ပါးလှပ်နေတဲ့ညဝတ်အင်္ကျီဝတ်ရုံရှည်နဲ့ ဒယိမ်းဒယိုင် သူဆင်းဆင်းလာချင်း ဝန်ထမ်းတွေကတော့အထူးအဆန်းလိုကြည့်နေကြသည်။ သိပ်လှတဲ့ခန္ဓာကိုယ်သေးသေးလေးဟာ ပိန်ပါးချပ်ကပ်နေသေးလျက်။ မြင်နေရသည်က ဝတ်ရုံရှည်ကိုကြိုးချည်ထားခြင်းမရှိတဲ့အတွက် ရင်ဘက်တစ်နေရာဟာ လစ်ခနလစ်ခနဲပါပဲ။ တစ်ညလုံးမူးထားတဲ့အရှိန်ကြောင့်သိပ်တော့မလန်း စီးကရက်တစ်လိပ်လက်ကြားညှပ်ရက်သားနဲ့ အစီအရီစီတန်းထားတဲ့ဝိုင်ပုလင်းစင်ပေါ်ကနေ ဝိုင်တစ်ပုလင်းကိုဆွဲယူပြီး မတ်တပ်ရပ်လျက်သားနဲ့ပင်သူမော့သောက်ချလိုက်သည်။ ခန္ဓာကိုယ်ကတော့ တစ်စုံတစ်ယောက်နဲ့အိပ်ပြီးတိုင်း နေရထိုင်ရပိုကောင်းခဲ့သလိုရှိလိမ့်မည်။

''kim အိမ်တော်မှာစီးကရက်သောက်ခွင့်မရှိပါဘူး...ပါ့ခ်ဂျီမင်းရှီး....''

ငြိမ်သက်တည်ကြည်တဲ့အသံနဲ့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကသူ့အားလာဟန့်လိုက်သည်။ စီးကရက်သောက်ခွင့်မရှိမှန်းသူလည်းနေထိုင်ခဲ့ဖူးတဲ့အပေါ် သူလည်းသိခဲ့ပါ၏။

''ငါသောက်လို့ရတယ်...''

''... ဒီအိမ်တော်မှာနေရင်လိုက်နာရမဲ့စည်းကမ်းတွေက....အ....''

လည်ပင်းကိုဖြစ်ညှစ်ထားလိုက်တဲ့အခါသူမစကားသံတွေဟာ တိခနဲပြတ်ကျသွားသေးပြီး ဒီအခြေအနေကိုပင်သူမဟာ သူ့လက်တွေကိုရိုက်ပုတ်ရင်းဖယ်ရှားနေသည်။

''အဲ့တာကြောင့်ငါသောက်လို့ရတယ်လို့ပြောတာပေါ့....ဘာလို့လဲ....သိချင်လား....''

သူမအသည်းအသန်ရုန်းကန်နေရသေးပြီးဘေးဘီကဝန်ထမ်းတွေဟာလည်းသူသူကိုယ်ကိုယ်ဝင်မဆွဲရဲကြ။

Jimin Be Quiet!Where stories live. Discover now