"ကမ်ဆော့ဂျင်
ဒါတွေကမင်းလုပ်လိုက်တာမလား"လုံးချေပစ်ပေါက်ခံလိုက်ရတဲ့ သတင်းစာဟာ ကမ်ဆော့ဂျင်ဆိုတဲ့သူရဲ့ခြေဖျားအောက်မှာလှလှပပခစားနေလေသည်..
"ငါမဟုတ်ရင်ဘယ်သူရှိဦးမှာလဲ"
ဂျန်းကု ဆော့ဂျင်ကိုမယုံနိုင်ဖွယ်ကြည့်လိုက်သည်...
ခနဲ့သလိုအပြုံးနဲ့ရက်စက်တဲ့မျက်၀န်းတွေ သူချစ်တဲ့ကမ်ဆော့ဂျင်ဟာ ဘယ်တုန်းကအဲ့လိုပုံစံဖြစ်ခဲ့တာပါလိမ့်..."မင်းအခု ဒီလိုလုပ်လိုက်တဲ့သူက ငါ့ညီမအရင်း
ငါသိပ်ချစ်တဲ့ငါ့ညီမလေးဆိုတာမင်းသိရဲ့လား"ဆော့ဂျင် စိတ်မ၀င်စားသည့်ဟန်ဖြင့်..
"အဲဒီတော့ရော..?
ငါ ကမ်ဆော့ဂျင်ဆိုတဲ့သူက ငါ့ရှေ့မှာရှိတဲ့ဘယ်လိုအတားအဆီးမျိုးကိုမဆို ဖျက်ဆီးပစ်မဲ့သူမျိုးပဲ"ဆော့ဂျင်က အေးစက်စက်မျက်နှာထားဖြင့်
ဂျန်းကုကိုစိုက်ကြည့်နေလေသည်..."အဲဒီအတားအဆီးကငါဖြစ်နေတယ်ဆိုရင်ရော"
"မင်းဖြစ်နေတယ်ဆိုရင်တောင်ဘာမှမထူးခြားသွားတာမျိုးမရှိဘူး
မင်းကိုယ်မင်းသိပ်အထင်ကြီးမနေနဲ့ ဂျွန်းဂျန်းကု"ဂျန်းကု မျက်ရည်စတွေကို စီးမကျလာစေရန် ထိန်းချုပ်ထားလိုက်သည်...
"မင်း ငါ့ကို တခါလေးတောင် ချစ်ခဲ့ရဲ့လား"
ထိန်းချုပ်နေချက်နဲ့တောင် ၀မ်းနည်းမှုကြောင့်အက်ကွဲနေတဲ့အသံ...
သို့သော် ဆော့ဂျင်ရဲ့ရက်စက်တဲ့အဖြေကြောင့် နှလုံးသားအက်ကွဲမှုကိုတော့ဘယ်ယှဉ်နိုင်ပါ့မလဲ..."အချစ်ဆိုတာက ငါသောက်နေကျစီးကရက်ရဲ့ပြာမှုန့်လောက်တောင်ငါ့အတွက်အရေးပါဘူး
ဂျွန်းဂျန်းကု
မင်းကလဲ ငါအချိန်တန်ရင်စွန့်ပစ်မဲ့အမှိုက်သာသာဖြစ်တည်မှုပဲ"ဆော့ဂျင်ရဲ့စကားအဆုံးမှာ သူ(ဂျန်းကု)ဟာအသက်မဲ့သွားသလိုခံစားလိုက်ရသည်...
အချိန်တန်ရင်စွန့်ပစ်မဲ့အမှိုက်သာသာဖြစ်တည်မှု.."ငါကအမှိုက်ဆိုရင် မင်းငါ့ကိုစွန့်ပစ်လိုက်လေ
စွန့်ပစ်လိုက်စမ်းပါ"ဆော့ဂျင် စီးကရက်တစ်ချောင်းကိုယူပီးမီးညှိလိုက်သည်...
"အဲ့လိုဆိုဘယ်လိုလုပ်ပျော်စရာကောင်းမှာလဲ"
စီးကရက်ကို နီဆွေးဆွေးနှုတ်ခမ်းထပ်မှာတင်လိုက်ရင်း ယစ်မူးဖွယ်အငွေ့များကိုထုတ်လွှတ်လိုက်သည်..
"ငါကလေ သူများတောင်းဆိုတာကိုလိုက်လုပ်ရတာသိပ်မုန်းတာ"
"............."
"ဒါပေမဲ့ တောင်းဆိုချင်ရင်လဲ
တောင်းဆိုကြည့်လိုက်ပေါ့
ငါ့ရဲ့ခြေသလုံးကိုဖက်ပီးအဲ့တာဆိုရင် စဉ်းစားပေးကြည့်မယ်လေ"""ကမ်ဆော့ဂျင် မင်းတရားလွန်မလာနဲ့"
"သိပ်ဆန္ဒမစောပါနဲ့
မင်းရဲ့ဘ၀ကလုံး၀ကျိုးပဲ့စုတ်ပြတ်ပီး
ညစ်နွမ်းနေမဲ့အဲဒီအောက်ဆုံးအချိန်ကိုရောက်ရင် ငါကိုယ်တိုင်လှလှပပစွန့်ပစ်ပေးမှာပါ
ဒီစီးကရက်လိုမျိုးပေါ့"စီးကရက်ကို ပြာခွက်ထဲကိုချေချရင်း အေးစက်စက်ပင်ပြောလာလေသည်...
စီးကရက်ဟာ မီးရဲ့လှိုက်စားမှုကြောင့်ပြာမှုန့်ဘ၀ကိုရောက်ပီးစွန့်ပစ်ခံရသည်..
သူ(ဂျွန်းဂျန်းကု)ကရော ကမ်ဆော့ဂျင်ရဲ့လှိုက်စားမှုကြောင့် ဘယ်လောက်တောင်
လောင်ကျွမ်းပီးမှစွန့်ပစ်ခံရမည်နည်း..
.
.
.
.
.
.
.
.
.
.
𝕭𝖚𝖗𝖓𝖎𝖓𝖌 𝖑𝖔𝖛𝖊 𝖜𝖎𝖙𝖍 𝖍𝖆𝖙𝖊
𝒯ℴ ℬℯ 𝒸ℴ𝓃𝓉𝒾𝓃𝓊ℯ𝒹
________________________________________
A/N:
Long time no seeပါ
Finally O lvlဖြေပီးပီဆိုတော့ ficအသစ်လေးတွေနဲ့ပြန်လာပါပီနော်
အဆုံးသတ်ပေးဖို့ကျန်နေတဲ့ parallel love lineကိုလဲပြန်updateပေးပါ့မယ်
Thanks for waiting me🫶
Love you all
_______________________________________
YOU ARE READING
𝕭𝖚𝖗𝖓𝖎𝖓𝖌 𝕷𝖔𝖛𝖊 𝖂𝖎𝖙𝖍 𝕳𝖆𝖙𝖊
FanfictionWarning If you don't like red-flag/toxic vibe, don't read this fic. Your votes and responses are reasons why I write fanfic🫶