1

212 31 4
                                    

⚠️Reminder⚠️
This fic is not related to idols.If you don't like red-flag/bully/revenge/R case, please don't read it.

⚠️ Warning ⚠️
သွေးထွက်သံယို scene/ R sceneများပါ၀င်သည်...
_____________________________________
.
.
.
.
.
.
.
.
.
.
Unicode

"ဂျွန်းချန်းမင်း ခင်များကို ဆော့ဂျွန်မင်းရဲ့လူသတ်မှုသံသယရှိသူအနေနဲ့ဖမ်းဆီးလိုက်ပါပီ"

ကုမ္ပဏီရဲ့အစည်းအဝေး ရှယ်ယာရှင်တွေရှေ့မှာပဲ ကုမ္ပဏီရဲ့ဥက္ကဌဖြစ်တဲ့ ဂျွန်းချန်းမင်းဟာ လူသတ်မှုရဲ့သံသယရှိသူအဖြစ်ဖမ်းစီးခံလိုက်ရသည်...

"အကို့"

"ဂျန်းကု အကိုဘာမှမဖြစ်ဖူး
ညီမလေးနဲ့အမေ့ကိုပဲစိတ်မပူစေနဲ့
အကို ခနလောက်စစ်ဆေးခံပီးပြန်လာခဲ့မယ်"

စိတ်ပူနေတဲ့ဂျန်းကုကို အကိုဖြစ်သူကစိတ်မပူစရေန်မှာလိုက်သည်...
ထို့နောက်သူ့ရဲ့ လက်နှစ်ဖက်ပေါ်မှာစတီးလက်ထိပ်တခုနဲ့အတူ အစည်းအဝေးခန်းထဲကတော့ထွက်သွားရသည်...

သို့သော် ဂျွန်းချန်းမင်းရောက်သွားတဲ့နေရာဟာ ထောင်မဟုတ်ပဲ ထောင်ထက်အဆပေါင်းများစွာဆိုးရွားတဲ့ငရဲခန်းတခုဖြစ်နေ‌လေသည်

"ဒါကဘယ်နေရာလဲ
မင်းတို့ငါ့ကိုဘယ်ခေါ်လာကြတာလဲ"

ကားပေါ်‌မှာမေ့ဆေးပေးထားခံရတဲ့ဂျွန်းချန်းမင်းဟာ ခုချိန်မှာတော့အသိစိတ်ကပ်နေပီဖြစ်သည်...
အသိစိတ်ကပ်လာတာနဲ့အမျှ ဘေးပတ်၀န်းကျင်ကိုစူးစမ်းကြည့်လိုက်တော့ အနီရောင်ခြယ်သထားတဲ့ နံရံနဲ့အခန်းကျဉ်းကျဉ်းလေး...
ဒီအခန်းကျဉ်းကျဉ်းလေးကိုသူသိပ်ရင်းနှီးတာပေါ့...
ရင်းနှီးတာမှ သိပ်ကိုရင်းနှီးတာ...

*ဒေါက်*

*ဒေါက်*

*ဒေါက်*

ခြေသံပြင်းပြင်းတခုက သူ့စီကိုနီးကပ်လာနေသည်..
ထိုခြေသံနဲ့အတူထူးဆန်းတဲ့ အေးစိမ့်စိမ့်ခံစားချက်တခုပါကပ်ပါလာလေသည်...

"မတွေ့တာကြာပီပဲ ဂျွန်း ချန်း မင်"

မျက်စိရှေ့က အရမ်းလှပတဲ့အပြုံးနဲ့လူသားကိုတွေ့လိုက်ရတဲ့အခါမှာ ဂျွန်းချန်းမင်းဟာ တခါမှမခံစားဖူးတဲ့ကြောက်လန့်ခြင်းမျိုးကိုခံစားလာရသည်...

You've reached the end of published parts.

⏰ Last updated: Jun 17 ⏰

Add this story to your Library to get notified about new parts!

𝕭𝖚𝖗𝖓𝖎𝖓𝖌 𝕷𝖔𝖛𝖊 𝖂𝖎𝖙𝖍 𝕳𝖆𝖙𝖊 Where stories live. Discover now