Italy နိုင်ငံ Amalfi ကမ်းရိုးတန်း Positano မှာရှိတဲ့ Le Sirenuse hotel က luxury hotel တစ်ခုဖြစ်ပြီး ကမ်းခြေ view နဲ့အရမ်းလှတာကြောင့် ကျမတို့ရဲ့ မင်္ဂလာပွဲကို ထိုနေရာမှာလုပ်ဖို့ စီစဉ်လိုက်သည်။
Seoul ကနေ direct flight နဲ့မလို့ ပျမ်းမျှ အချိန် 11-13 နာရီဝန်းကျင်လောက် flight စီးရမှာမလို့ စထွက်တဲ့အချိန်ကို ညဘက်ယူလိုက်သည်။ flight ပေါ် အိပ်လိုက်ရင်း မနက်နိုးတာနဲ့ ရောက်ဆိုတဲ့သဘောဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
သို့ပေမဲ့ ကျမတို့က Naples မှာ flight ဆိုက်တာမလို့Positano ကိုရောက်ဖို့ ကားဖြင့် 1-3နာရီလောက်သွားဖို့လိုသေးသည်။
Amalfi ကမ်းခြေကိုဖြတ်ရမှာဖြစ်တဲ့အတွက်ကြောင့် အပြာရောင်မြေထဲပင်လယ်မြင်ကွင်းနဲ့ ပင်လယ်ထဲ ကမ်းပြိုကျတာတွေကိုပါမြင်တွေ့ရသည်။ Sorrento, Amalfi, Ravello စတဲ့ကမ်းခြေရွာလေးတွေကိုဖြတ်လာတဲ့တစ်လျှောက် မတ်စောက်နေတဲ့ ချောက်ကမ်းပါးပေါ်မှာပြွတ်သိပ်ပြီးဆောက်ထားတဲ့ အရောင်စုံအဆောက်အအုံလေးတွေ အရမ်းကိုလှပလွန်းပါတယ်" ကိုကို ကြည့် မလှဘူးလား "
" ကိုကို့ baby လေးကိုမမှီပါဘူး "
သူ့ရဲ့ flitting စကားကို ကျမပြုံးလိုက်ပြီး စိတ်ဝင်တစားမျက်စိတဆုံးကိုကြည့်နေမိသည်။ Amalfi ကမ်းရိုးတန်းတစ်လျှောက်မှာ စိမ်းလန်းပြီး သီးပွင့်နေတဲ့ သံပုရာပင်တွေကိုလည်းတွေ့ရသည်။ လမ်းက အရမ်းကြီးမကောင်းပေမဲ့လည်း ဘေးပတ်ဝန်းကျင်က ရှု့ခင်းတွေက အရမ်းလှပြီး စိတ်ဝင်စားစရာကောင်းလို့ လမ်းဆိုးနေလည်းအဆင်ပြေပါတယ်။
" ဒီလမ်းခရီးကို 2-3ပဲအချိန်ပေးလာရတာ မတန်လိုက်တာ "
" baby ထပ်ကြည့်ချင်သေးလို့လား ဒါဆို ပြန်ရင် Naples မှာ flight မစီးဘဲ Rome မှာသွားစီးကြမလား ဒါဆို ဒီထက်ကားကြာကြာစီးရပြီး မတူတဲ့ ရှု့ခင်းတွေလည်းမြင်ရဦးမယ်ထင်တယ် "
ကျမမျက်လုံးတွေအရောင်လဲ့သွားပြီး ချက်ချင်း ကိုကို့ ဘက်လှည့်ကာ
" အဲ့လို လုပ်လို့ရတယ်လား "
" အင်း ဘေဘီသဘောလေ "
တကယ်ဆို ကိုကို ကိုက ကျမကိုဆိုအရမ်းအလိုလိုက်လွန်းနေတာပါ။ Italy မှာ မင်္ဂလာဆောင်မယ်ဆိုတော့လည်း မငြင်းဘူး အခုကျပြန်တော့လည်း ကျမသဘောတဲ့ ကျမအရမ်းပျော်ပြီး ကားမောင်းနေတဲ့ကိုကို့ကို ဖက်မိတော့
YOU ARE READING
우리 결혼식 ( our wedding )
Fantasy" please love me '' " of course I love u so much " တီချယ်က Ri ကို မင်္ဂလာပွဲအကြောင်းအိမ်စာပေးလိုက်လို့ စိတ်ကူးပေါက်မိတာလေးရေးလိုက်ပါတယ်