Capri island

3 1 1
                                    

Amalfi ကမ်းရိုးတန်းမှာရှိတဲ့ capri ကျွန်းလေးကိုသွားဖို့
Private boat တစ်ခုကိုငှါးပြီး ထွက်လာခဲ့ကြသည်။
Ferry နဲ့သွားမယ်ဆိုရင်တောင် 30mins လောက်ပဲကြာပေမဲ့ သီးသန့်သွားချင်တာကြောင့် ကိုကို က private boat ကိုငှါးပေးခဲ့သည်။

ရောက်ရောက်ချင်း Caprese ကိုအရမ်း try ကြည့်ချင်နေတာမလို့ ဆိုင်တစ်ဆိုင်ကိုအရင်ဝင်ပြီးမနက်စာစားပါသည်
Caprese ထဲက mozzarella cheese က နူးညံ့ပြီး စိမ့်"လေးနဲ့ ခရမ်းချဉ်သီးရဲ့ အရည်ရွှမ်းပြီးချဉ်ပြုံးလေးရယ် အဲ့နှစ်မျိုးထဲနဲ့တင်အရသာက mix ဖြစ်ပြီး ပင်စိမ်းရွက်အနံ့နဲ့ငရုတ်ကောင်းအနံ့လေးပါထည့်လိုက်တော့လေ ကြိုက်တဲ့လူဆိုရင်တော့ အရမ်းစားလို့ကောင်းသောပါပဲ ကျမကတော့ Avocado Caprese salad ကိုမှာလိုက်တာမလို့ ထောပတ်သီးအရသာလေးကိုပါခံစားမိစေပါတယ် ( food blogger ရောက်နေတာ )

Salad ကြိုက်တဲ့ကျမကတော့ တခြား salad တွေက ဒီဟာထက်သိပ်အရာသာမရှိသလိုခံစားရတယ်
Salad မကြိုက်တဲ့ ကိုကိုကတော့ torta Caprese al limone ကို try မယ်ဆိုလို့ သူ့ဟာလေးကိုတောင်မြည်းကြည့်ခဲ့သေးသည်။ lemon cake မလို့ မနက်ခင်း morning breakfast အတွက်အရမ်းသင့်တော်တယ်လို့ပြောရမလားပဲ ချိုချဉ်လေးနဲ့ စိတ်ကိုကြည်ပြီးလန်းဆန်းသွားတာ

" ကိုကို salad လေး "

" ဟင်အင်း ကိုကိုက ကျန်းမာရေး ဓာတ်စာတွေမကြိုက်ဘူး "

" ဟဟဟ "

မနက်စာစားပြီးတော့ ငှါးလာတဲ့ boat ကိုအလကားမဖြစ်အောင် boat tour လေးလုပ်ပြီး ပင်လယ်ထဲ လျှောက်ကြည့်ကြရန်စိတ်ကူးမိသည်

အဓိကကတော့ ကျမက blue grotto ကိုသွားချင်တာပါ
အဲ့ကိုသွားမယ်ဆိုရင်တော့ ကျမတို့ private boat ကအဲ့အောက်ထဲဝင်လို့မရတာကြောင့် capri က သင်္ဘောခရီးစဉ်မှာပါလိုက်ပါရမည်။ အချိန်ကလည်း နေလည်စာစားပြီးလောက်မှမလို့ တနေရာရာကိုလျှောက်ကြည့်ဖို့သွားကြပါမည်

" ကိုကို faraglioni rocks တွေသွားကြည့်ကြမလား ဟမ်
ကိုကို ဓာတ်ပုံရိုက်ပေးလေနော် boat ကို ဒီတိုင်းထားရမယ်တူတူ "

" ကိုကိုက လိုက်ပို့နိုင်တယ် ဘေဘီပင်ပန်းနေမှာဆိုးလို့ မနက်ဖန်က မင်္ဂလာပွဲမလား "

You've reached the end of published parts.

⏰ Last updated: Jun 18 ⏰

Add this story to your Library to get notified about new parts!

우리 결혼식 ( our wedding )Where stories live. Discover now