ကျွန်မရည်းစား Vampire အပိုင်း(၈)
"Bae ပျော်ရဲ့လား....."
"အွန်း ပျော်တယ်...."
"အိမ်ပြန်တော့မှာလား......."
"ပြန်တော့မယ်လေ ညနေ၅နာရီခွဲနေပြီဆိုတော့.....အန်တီနုက မိုးမချုပ်စေနဲ့ဆိုပြီး မှာလိုက်သေးတယ်....."
"လာပါဦး ကိုယ့်ရင်ခွင်ထဲကို ခဏလောက်ဖြစ်ဖြစ်မှီပါဦး..."
"လာပါပြီရှင် လာပါပြီ...."
နွေတေး သူ့ရင်ခွင်ကြီးထဲ ကလေးတစ်ယောက်လို မှီတွယ်ရင်း သူ့ခါးကို သိမ်းပြီးဖက်လိုက်သည်။
သူလည်း နွေတေးရဲ့ ဆံပင်လေးတွေကို နမ်းရှိုက်နေသည်။
ချစ်သူ့ရင်ခွင်ထဲ မှေးမှီနေရတဲ့ ခဏတာဟာ....တန်ဖိုးမဖြတ်နိုင်သလို နွေလည်းနွေထွေးလွန်းလှသည်။
နှစ်ယောက်သား မခွဲနိုင်မခွာနိုင် တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်တွယ်ထားကြရင်း........
&&&&&
"လက်ဖက်သုပ် စားကောင်းကြလား.... "
"ကောင်းတယ် အန်တီနု အရမ်းကောင်းတယ် ဟွန်း ၆နာရီတောင်ထိုးတော့မယ် ဟိုမိန်းမ ပြန်မလာသေးဘူး..."
"ဟုတ်ပ စိမ်းခက် အာ့မိန်းမ တော်တော်ပျော်နေမှာသိလား...."
ဝေါ......ကျွီ....
"ဟော....ပြောရင်းဆိုရင်း သမီးတို့သူငယ်ချင်းတော့ အသက်ရှည်ဦးမယ်ထင်တယ် ပြန်လာကြပြီ...."
ညဥ့်ဦးယံ ကာတံခါးဖွင့်ပြီး ဆင်းလာ၍ နွေတေးရဲ့ ကားတံခါးကိုလည်း သွားဖွင့်ပေးလိုက်သည်။
ပြီးမှ ကားနောက်ခန်းထဲက စားစရာအထုပ်တွေကိုယူပြီး နှစ်ယောက် အိမ်ထဲ ဝင်လာခဲ့ကြတော့သည်။
အိမ်ထဲသို့အရောက်.....
"ဟာ.......စိမ်းခက်နဲ့ရတီ နင်တို့ရောက်နေကြတာလား...."
"ဟွန်း....ဒီကိုလာပြီးတော့ ထိုင်ပါဦး ပြီးရင် တော်နဲ့ ကိုညဥ့်ဦးယံ ဘယ်တုန်းက ရည်းစားဖြစ်သွားတာလည်း ပြောပြကြ...."
"သြော်......အဟင်းဟင်း....နင်တို့က ငါ့ကို စိတ်ကောက်နေကြတယ်ပေါ့...."
YOU ARE READING
~ကျွန်မရည်းစား vampire ~ <Season -1>
Vampireသဘာဝလွန်ဝတ္ထုတစ်ပုဒ်သာဖြစ်ပါသည်။ အဆိပ်ရှိသော မျိုးရိုးဗီဇကွဲလင်းနို့တစ်ကောင် ကိုက်ခံရသောကြောင့် လူသားစင်စစ်မှ သွေးစုပ်သတ္တဝါအဖြစ် ပြောင်းလဲသွားသော ကောင်လေးတစ်ယောက်နှင့် သဘာဝလွန်ဖြစ်ရပ်တွေအား အယုံအကြည်မရှိသည့် လူသားကောင်မလေးတို့၏ အချစ်ဇာတ်လမ်း♥