No Goodbye

505 40 2
                                    

၁၉၁၂ ခုနှစ်၊သြဂုတ်လ ၂၈ ရက်။
ကိုင်းဒဲလ်ပြည်နယ်။

ဒီနေ့နဲ့ဆိုရင် ရစ်ခီ နှစ်နှစ်ခြိုက်ခြိုက်  အိပ်မပျော်တာ 18ရက်တိတိ။

အိမ်မက်တွေ..။
အိမ်မက်ဆိုးလို့ပဲ အမည်တပ်ရမလား အိမ်မက်ကောင်းလို့ပဲ အမည်တပ်ရမလား။

ပြီးဆုံးခါနီးတိုင်း ရင်ကွဲမတတ် နာကျင်နေရပေမယ့် အိမ်မက်ထဲက အမည်မသိ လူသားကိုလည်း စွဲလမ်းစပြု‌နေတာမို့ ဒီအိမ်မက်ထဲမှာပဲ ထပ်ခါတစ်လဲလဲ ကျရှုံးနေချင်ပြန်တယ်။

ယောကျာ်းပီသလွန်းတဲ့ လက်ဖျံတွေ၊အဆုံးအစမဲ့ငေးကြည့်ချင်စရာ‌ကောင်းတဲ့ ခပ်ပြန့်ပြန့်ကျောပြင်ကျယ်၊ ထူထဲပြီး‌အညို‌ရောင်သမ်းနေတဲ့ဆံနွယ်တွေကအစ ခြေတံရှည်တွေအဆုံး...။ အို...စွဲလမ်းချင်စရာ၊မြတ်နိုးချင်စရာတွေပါပဲ။

ဒါတွေကပဲ ရစ်ခီရဲ့ ညတွေကို တိတ်တဆိတ်ခိုးယူသွားခဲ့တာ။ နောက်ကျောပုံရိပ်ကိုသာ အမြဲမြင်ခဲ့ရပေမယ့် မနေ့ညက အိမ်မက်ထဲမှာတော့ အံ့ဩစရာကောင်းလောက်တဲ့မျက်နှာချောချောကို တွေ့ခဲ့ရတယ်။

အနည်းငယ်ဝိုင်းတယ်လို့ထင်ရတဲ့ မျက်နှာသေးသေးလေးပေါ်မှာ နှုတ်ခမ်းတစ်စုံက သေသေသပ်သပ်ခပ်ထူထူ၊ နှာတံခပ်လုံးလုံးလေးက မျက်နှာသေးသေးနဲ့ လိုက်ဖက်စွာ။

နောက်ပြီးတစ်ခါတည်းသာမြင်တွေ့ခွင့်ရလိုက်ပေမဲ့
ရစ်ခီ့နှလုံးသားတစ်စုံလုံးကို ဆွဲနှုတ်ခံလိုက်ရသလို ယူသွားခဲ့တာကတော့ တော်ဝင်ဆန်ပြီး ညှို့ဓာတ်အပြည့်ပါတဲ့ ရီဝေဝေ မျက်လုံးဝိုင်းတွေပါပဲ။
လောဘတက်တယ်ဆိုပါစေအုံး။ ဒီလူသားကိုတော့ လက်တွေ့ဘဝမှာ တစ်ခါလောက်ဆုံဖူးချင်ပါသေးရဲ့။

"ဟေး ရစ်ခီ!!"

အတွေးစတစ်ချို့ကို တိမ်စိုင်လို လွင့်ပြယ်သွားစေတာကတော့ ရစ်ခီနဲ့အလုပ်အတူလုပ်တဲ့ မက်သရူးရဲ့အသံပဲ။ရစ်ခီထိုင်နေတဲ့နေရာကို မြင်းရိုင်းတစ်ကောင်လို အမောတကောပြေးလာတဲ့ မက်သရူးက အတော်မောနေဟန်နဲ့ ရင်ဘက်ကို ဖိပြီး အချိန်အနည်းငယ်ကြာတဲ့အထိစကားမစနိုင်ဘူး။

"လက်..လက်မှတ် ..လက်မှတ် မင်းရတယ်"

"ဟင် ဘာကြီး!?"

𝗞𝗘𝗩𝗜𝗡 & 𝗥𝗜𝗖𝗞'𝗦 𝗟𝗢𝗩𝗘 𝗦𝗧𝗢𝗥𝗜𝗘𝗦Where stories live. Discover now