မနက်အစော ၇ နာရီခန့်မို့ ကားလမ်းမကြီးမှာ အိမ်စီးကား
အနည်းငယ်သာ ဖြတ်သန်းသွားလာနေကြသေးသည်။လိုင်းကားများပင် များများစားစား မရှိသေး။ ဒီအချိန် ပုံမှန်
အလုပ်ကိုသွားနေကျ ဖြစ်တဲ့ 'ခန့်ငယ်' အတွက်တော့ ခြေလှမ်း
များမှာ တက်ကြွနေမြဲ နေဆဲပါပင်။ဆောင်နှောင်းရဲ့ တစ်ချက်
တစ်ချက် တိုက်ဝှေ့လိုက်တဲ့ မြောက်လေပြေ ခပ်သဲ့သဲ့
အထိအတွေ့မှာ လေကို တစ်ဝကြီး ရှူရှိုက် လိုက်ရင်း အပြူံးရိပ်
သန်းသွားတဲ့ အမူအရာတစ်ခုက ခန့်ငယ် ရဲ့ မျက်နှာမှာ
အမြဲတမ်း လိုလို ပေါ်လာတတ်၏။
"ခန့်ငယ်" တဲ့.....
အသားခပ်လတ်လတ်၊ အရပ်က ၅ပေကျော် ၆ပေမပြည့်တပြည့် ၊
မျက်နှာပြည့်ပြည့်နဲ့ အမြဲတမ်းပြုံးနေတတ်တဲ့
၂၂ အရွယ်ချာတိတ်လေးတစ်ယောက်။
လောကကြီးကို အခုမှ စတင်သင်ယူဖို့ကြိုးစားတုန်း။
သူဖြစ်ချင်တဲ့ အိမ်မက်၊သူကြိုးစားနေတဲ့ ရည်မှန်းချက်တွေ
အတွက် အကောင်းဆုံးဆိုတာတွေကို မရသည့်တိုင် လက်မ
လျှော့တတ်တဲ့ ချာတိတ်လေး တစ်ယောက်ဆိုပါတော့။
တက်ကြွတဲ့ ခြေလှမ်းတွေက သူ့ကို အမြဲ ပျော်ရွှင်နေအောင် ပံ့
ပိုးပေးတတ်လေ၏။
"သားလေး အလုပ်လာပြီလား "
ခန့်ငယ် အလုပ်လုပ်နေတဲ့ ကော်ဖီဆိုင်လေးရှိရာ လမ်းကြားထဲ
သို့ လျှောက်လာပြီဆိုတာနဲ့ အရင်ဦးဆုံး နှုတ်ဆက်သူက
လမ်းထိပ်က ခိုစာရောင်းတဲ့ အဖွားဥ ပင်..
"ဟုတ်အဖွား.." " ရောင်းကောင်းပါစေအဖွားနော်"
ခန့်ငယ်ပြန်နှုတ်ဆက်ရင်း ဘေးလွယ်အိတ်ထဲမှ ဆိုင်သော့ကို
ထုတ်ကာ၊ တံခါးကိုဆွဲဖွင့် လိုက်သည်။
ပြီးနောက် သက်ပြင်းချကာ ညည်းညူလိုက်သည်။
YOU ARE READING
"ရောင့်ရဲခဲ့သော ဆောင်း၏အလွန်ဝယ်"
Romance"ခင်ဗျားက ခင်ဗျားရဲ့မပြတ်သားနိူင်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကျွန်တော့ကို ကစားခဲ့တာပဲ ဟမ် " ခင်ဗျားပြောတတ်တာ အဲ့ဒီစကားကလွဲပြီး ဘာမှမပိုတော့ဘူးဆိုရင် ကျွန်တော်တို့ ဆက်ဆံရေးကို ဒီနေရာမှာပဲ ရပ်လိုက်သင့်ပြီ မဟုတ်ဘူးလား "