လူတွေအများကြီးရှိနေပေမယ့်
မင်းကိုပဲ စွဲလန်းနေတာမျိုး
တမျိုးပြောရရင်
မင်းက ငါ့အတွက်ပဲ
စျေးဗန်းတွေခင်းနေပေမယ့်
တခြားသူကိုမရောင်းဘဲ
မင်းကိုပဲ သီးသန့်
ရောင်းမယ့် အရာမျိုး
မင်းဆိုပြတဲ့သီချင်းတွေလဲနားထောင်ချင်တယ်
မင်းရယ်ပြတာကိုလဲမြင်ချင်တယ်
မင်းဟာ ကိုယ့်အတွက်
Limited Edition ဖြစ်သလို
ကိုယ်ကလဲ မင်းအတွက်
Limited Edition ပဲ
မင်းနဲ့ပတ်သက်တဲ့အရာရာတိုင်းက
ကိုယ့်အတွက်တော့ စိမ်းမနေတာမျိုး
မင်းက ကိုယ့်ကိုအရေးပေးတဲ့အခါတိုင်း
ကိုယ့်မှာ ကြိတ်ပြီး ဝမ်းသာနေရတာမျိုး
မင်းရဲ့ အသံ မင်းရဲ့အပြုံး ကစလို့
မင်းရဲ့အရာရာတိုင်းက
ကိုယ့်အပေါ် စိုးမိုးထားနိုင်တာမျိုးတွေ
မင်း အဆင်မပြေတဲ့အခါ
ကိုယ်လဲ အဆင်မပြေနိုင်တာမျိုး
မလှပေမယ့် တန်ဖိုးရှိတဲ့အရာ
ဟောင်းနေပေမယ့် တန်ဖိုးကြီးတယ်
အဲ့လိုဘဲ မင်းကလဲ ကိုယ့်အတွက်
အရာရာတိုင်းအတွက် တန်ဖိုးကြီးတဲ့
Limited Edition
ချွန်းချွန်း