4

2.2K 255 5
                                    

အပိုင်း (၄)

လေ့ကျင့်ရေးဆင်းတာပဲဖြစ်စေ၊ အမှန်တကယ် မီးထဲမှာ ကယ်ဆယ်ရေးလုပ်တာပဲဖြစ်ဖြစ် ၀မ်ရိပေါ်က အမြဲတမ်း ခေါင်းအေးအေးထားတတ်ပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့လူဖြစ်ခဲ့တယ်၊ ဒါကြောင့် အလုပ်ဝင်ပြီး တစ်နှစ်အတွင်းမှာတင် နည်းပြနေရာအထိ ရာထူးတိုးသွားခဲ့တာ။

၀မ်ရိပေါ်က ကလေးဘ၀ကတည်းက သူ့ကိုယ်သူ သိပ်ကိုတင်းကျပ်ခဲ့တာ၊ သူ့အတွက်တော့ ဘ၀ဆိုတာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မယိမ်းမယိုင် ဆက်လျှောက်သွားဖို့ပဲ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ ရှောင်းကျန့်နဲ့ ဆုံခဲ့တယ်။

ရှောင်းကျန့်ကတော့ မိုးနတ်မင်းကိုယ်တိုင် ချီးမြှောက်ထားတဲ့ အခွင့်ထူးခံ လူတန်းစား၊ သူက ၀မ်ရိပေါ်ရဲ့ကမ္ဘာကို ဖရိုဖရဲဖြစ်အောင် အရှိန််အဟုန်နဲ့ ၀င်တိုက်ခဲ့တဲ့ ဥက္ကာပျံတစ်စင်း။

ဝမ်ရိပေါ်က ကျောင်းသားဘ၀မှာ ကတည်းက ချစ်ခွင့်ပန်လာသူတွေကို အားမနာတမ်း ငြင်းဆိုခဲ့ရတဲ့လူ၊ ဒါပေမဲ့ သူ့ကို ဖွင့်ပြောလာတဲ့အထဲမှာ အခွင့်ထူးခံကတ် လက်ဝယ်ရှိနေသူ ရှောင်းကျန့်ကိုတော့ မုန်းတီးစိတ် မပေါ်ခဲ့ဘူး။

ပိုဆိုးတာကတော့ အဲဒီရှောင်းကျန့်က သူ့နှလုံးသားထဲအထိ ၀င်ရောက်ပြီး နေရာတစ်ခုရအောင် ယူသွားခဲ့တာ၊ ရှောင်းကျန့်ကို ဒီလို အသိအမှတ်ပြုရတဲ့ အကြောင်းအရင်းကို စဉ်းစားကြည့်တော့ သူ့အနားမှာ ရှောင်းကျန့်လောက် တော်တဲ့လူ နောက်ထပ်တစ်ယောက် ရှာမတွေ့ခဲ့လို့ ဆိုပြီးပဲ အဖြေထုတ်လို့ရတယ်၊ ၀မ်ရိပေါ်က ထူးချွန်တဲ့လူတွေကို အထင်ကြီး လေးစားတယ်၊ ဒါကြောင့် ရှောင်းကျန့်ကို မုန်းမရခဲ့တာ ဖြစ်နိုင်တယ်။

'ယောင်္ကျားချင်း စိတ်မ၀င်စားဘူး'ဆိုတဲ့ စကားကို ၀မ်ရိပေါ်  ရှောင်းကျန့်ရှေ့မှာ နှစ်ခါတိတိ ပြောခဲ့ဖူးတယ်၊ ပထမတစ်ကြိမ်က ရှောင်းကျန့်သူ့ကို ဖွင့်ပြောခဲ့တုန်းက၊ ဒုတိယတစ်ကြိမ်က သူတို့လက်မထပ်ခင်ကပါ၊ ရှောင်းကျန့်က ၀မ်ရိပေါ်ကို မျှော်လင့်တကြီးကြည့်ပြီး 'မင်းကော.. ဘယ်လိုသဘောရလဲ' ဆိုပြီး မေးလာခဲ့ချိန်မှာ ၀မ်ရိပေါ်က သူ့ကိုယ်သူ ပြတ်သားစွာ အဖြေထုတ်ပေးခဲ့တာပဲ။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now