" တွေ့ရတာ ဝမ်းသာပါတယ်. ရှင်းမ်ဂျယ်ယွန်း လို့ ခေါ်ပါတယ် "

​နေသာတဲ့​ဆောင်းဦး​နေ့ရက်​လေး တစ်ရက်မှာ ဖြစ်ခဲ့သည်။ ​နေခြည်လဲ့လဲ့ဟာ သဲ့သဲ့ဖြာလျက်။

ပျင်းရိစရာ​ကောင်းတဲ့ သာမန်​ကျောင်းဖွင့်ရက်တစ်ရက်ပါပဲ။ မနက်​စော​စောအတန်းချိန်ဟာ သာမန်ထက် ပို၍ အသက်ဝင်နေခဲ့သည်။ ​လေပြည်​တွေဟာ ဟို​ဝေ့ဒီဝဲ။ အဖြူ​ရောင်ခန်းစီးစ​တွေက​တော့ ​လေနှင်တိုင်း တလှုပ်လှုပ်။

ဆူညံနေတဲ့စာသင်ခန်းထဲမှာ ခပ်တိုးတိုး ထွက်ပေါ်လာတဲ့ နှုတ်ဆက်သံဟာ တစ်ခန်းလုံးရဲ့အာရုံကို ဖမ်းစားနိုင်ဖို့​တော့ အပြည့်အဝ မလုံ​လောက်ခဲ့ပါ​ချေ။ လူတချို့ရဲ့ စကားသံဆူဆူထဲ တိုးဝင်​ပျောက်ကွယ်သွားတဲ့ စကားသံကို အတိအကျ ဖမ်းယူရမိခဲ့တာက​တော့ ​ဂျေးတစ်ယောက်တည်း ဖြစ်မလားပင် မသိ။

" ကဲကဲ အားလုံးပဲ အာရုံစိုက်ကြမယ် "

ကာယကံရှင်ဖြစ်တဲ့ ရှင်းမ်ဂျယ်ယွန်း ဆိုသူက ငြိမ်သက်စွာ နားစွင့်​နေပုံရ​သော်ငြား ဆရာဖြစ်သူက​တော့ စိတ်မရှည်​တော့ဟန် တူသည်။ စားပွဲကို ပေတံနဲ့ခေါက်ရင်း ပြောလိုက်တဲ့ ဆရာ့စကားသံက ဂျေးရဲ့နားထဲကို လိုအပ်တာထက် ပိုမိုကျယ်လောင်စွာ ဝင်ရောက်လာလေ၏။

ရုတ်ချည်း ငြိမ်သက်သွားတဲ့ ​လေထု​ကြောင့် အကြားအာရုံက အနားရသွားတဲ့အခါ ကျန်​တဲ့အာရုံ​လေးပါးက ပိုမို နိုးကြားလာသ​ယောင် ရှိသည်။ မျက်ဝန်း​တွေထဲ ထင်ဟပ်လာတဲ့ ရှင်းမ်ဂျယ်ယွန်းရဲ့ အရိပ်က​လေးက​တော့ ပိုလို့ပင် ကြည်ကြည်လင်လင်ရယ်။

ခပ်ထူထူမျက်မှန်ကို ​ကျော်လွန်ထွင်း​ဖောက်၍ မျက်စိ​ရှေ့က ရှင်းမ်ဂျယ်ယွန်းကို ​ဂျေး ခပ်​ငေး​ငေး ကြည့်မိခဲ့သည်။ အနှီလူသား​ကောင်​လေးကို သက်မဲ့တစ်ခုခုနဲ့ ခိုင်းနှိုင်းပြရပါလျှင် ဆောင်းဦးရဲ့ နံနက်ခင်းမှာ ဖြာကျနေတတ်တဲ့ အဝါနု​ရောင် နေရောင်ခြည်လေးသဖွယ်။

သိပ်ကို ​နွေး​ထွေးသည်ပဲ...။

" အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်. ငါက ရှင်းမ်ဂျယ်ယွန်းပါ "

The Story of Autumn (HEEJAYKE) ✔Where stories live. Discover now