Lui

364 44 4
                                    

2084, April 6
Italian

အုပ်ဂူ ခပ်နွမ်းနွမ်းလေးရှေ့မှာ ရပ်နေတဲ့ အသက်60အရွယ် လူတစ်ယောက် ဆံပင်အနက်တွေထဲမှာအဖြူတွေဟာယောယှဉ်လျှက် ရှိနေပြီး လက်ထဲမှာMichaelmas daisyပန်းစည်းကိုကျစ်နေအောင်ကိုင်ထားတယ်။မျက်မှန်အောက်ကခပ်ဖျော့ဖျော့မျက်ဝန်းထဲက မျက်ရည် တစ်ပေါက်ကကျသွားတယ်။  အတိတ်တစ်နေရာကိုပြန်တွေးရင်း စကားတစ်ခွန်း‌ရွတ်လိုက်တယ်။

"Ho avuto persone che non posso dimenticare"

2024,June 21

"Wonwoo Hyung သွားရအောင်"
"လာပြီ!!!"
"မြန်မြန်လာ အချစ်ရာ"

Wonwoo က ခြံဝသို့ထွက်လာပြီး Mingyu ကို မျက်စောင်းထိုးလိုက်သည်။

"မျက်မှန်ပျောက်နေလို့ဟာကို"
"ဟီး သွားရအောင်"

သူတို့Bus ဂိတ်ကိုထွက်လာကြတယ်။ပြီးတော့ ဆေးရုံဆိုတဲ့အဆောက်အအုံကိုသွားကြတယ်။ Wonwoo က Mingyu လက်ကိုတင်းနေအောင်ဆုပ်ထားလိုက်ပြီး ဆေရုံထဲဝင်သွားသည်။ ထို့နောက် Mingyu ကို အပြင်ကထိုင်ခုံမှာခနစောင့်ခိုင်းပြီး သူက ဆရာဝန်နှင့်ဆွေးနွေးခန်း ထဲဝင်လျတယ်။

လက်ထဲက ကင်ဆာဆိုတဲ့ ဆေးစစ်ချက်ကိုကိုင်ကာ မျက်မှန်အောက်က မျက်လုံးညိုညိုတွေကထဲကနေ အရည်ကြည်တွေဟာ ပါးပြင်ပေါ်လိမ့်ဆင်းလာတယ်။

"အဆင့်ဘယ်လောက်လဲ"
"4.....သိတာနောက်...."
"အ...အချိန်ဘယ်လောက်ကျန်သေးလဲ?"
"အလွန်ဆုံး 6 လ"
"ဆေးကုရင်ရသေးလား"
"အာ......အဲ့တာက...."
"မရတော့ဘူးလား"
"အွန်း"

Wonwoo မျက်ရည်တွေကိုသုတ်လိုက်ပြီး အပြင်ပြန်ထွက်လာတော့ ထိုင်စောင့်နေတဲ့ Mingyu က သွားစွယ်လေးတွေပေါ်အောင်ပြုံးပြတယ်။တကယ်ကို သူ့ချစ်သူလေးက ချောပြီးချစ်ဖို့ကောင်းနေလိုက်ပုံများ။

"ဘာတဲ့လဲ?"
"နေ....ရိုးရိုးနေမကောင်းတာတဲ့"
"အာ......ဒါဆို ဘုရားကျောင်းသွားကြရအောင် နောက်ကျနေတော့မယ်"
"အင်း သွားရအောင်"

Mingyu က Wonwoo လက်ကိုတင်းတင်းဆုပ်ကိုင်ထားတယ်။ သူ့ဆီကိုစိမ့်ဝင်နေတဲ့ အနွေးဓာတ်အချို့ကို သူသိပ်မြတ်နိုးတာ။ သူရင်ခွင်ထဲမှာမှီပြီးရုပ်ရှင်ကြည့်တာ‌ကိုလည်းသူသေလောက်အောင်သဘောကျတာ။ ကြယ်တာရာလိုမျက်ဝန်း၊နှခမ်းလှလှလေး၊နှာတံချွန်ချွန်လေးတွေနဲ့ လူကိုသူသေလောက်တဲ့အထိ အရိုးထဲထိစိမ့်နေအောင်ချစ်ပါသည်။
သူကြောင့်သာဖြစ်လာတဲ့အပြုံးလှလှလေးတွေကိုလည်းသူကြိုက်တယ်။ ထိုလူသားကသိပ်ပြုစားနိုင်သည်။ ငါ့မှာဘယ်လိုများထားသွားရပါ့မလဲ။

Lui  (He)Where stories live. Discover now