12

2K 260 11
                                    

အပိုင်း (၁၂)

အယ်ဒီတာချုပ်ရှောင်းတစ်ယောက် လတ်တလော အလုပ်များနေတယ်၊ သူတို့ မျက်နှာဖုံးရှင်အဖြစ် ကမ်းလှမ်းထားတဲ့ အနုပညာရှင်က ကုမ္ပဏီကိစ္စကြောင့် ချိန်းထားတဲ့ရက်မှာ ရောက်မလာခဲ့ဘူး၊ တာဝန်ရှိသူဖြစ်တဲ့ ရှောင်းကျန့်ကပဲ ရူတင်တည်ထားတဲ့နေရာကို အပြေးအလွှားသွားပြီး ဖြေရှင်းခဲ့ရတယ်၊ လက်ရှိပြသနာတွေကြားမှာ တခြားကိစ္စတွေးဖို့ သူ လုံးဝအာရုံမရဘူး။

စကားများပြီး ပြန်ခိုင်းလိုက်တဲ့နေ့ကတည်းက ဝမ်ရိပေါ်က ရှောင်းကျန့်ဆီ ထပ်ရောက်မလာတော့တာ၊ အခုဆို တစ်ပတ်ကျော်နေပြီ၊ အဲဒီအစား သတင်းစာတိုက်ကို တစ်နေ့ထမင်း ၃ နပ် မှန်မှန်ပို့တယ်၊ မအိပ်ခင် စာပို့တယ်၊ ဒါပဲ၊ ကျန်တဲ့အချိန်တွေမှာ ဝမ်ရိပေါ်ဆိုတာက ရှောင်းကျန့်ရဲ့လောကထဲကနေ ပျောက်ကွယ်နေသလိုပဲ။

ရှောင်းကျန့်မှာ တစ်နေ့ ၃ကြိမ် ဒလီသမားဆီက Mr ရှောင်းရဲ့အော်ဒါ ရောက်ပါပြီဆိုတဲ့ ဖုန်းကို လက်ခံရတယ်၊ တကယ်တော့ Mr ရှောင်းက မုန့်မှာစားဖို့ နေနေသာသာ၊ ယားလို့တောင် ကုတ်ဖို့အချိန် ရှိမနေဘူး၊ မှာပေးတဲ့လူကတော့ ခင်ပွန်းဖြစ်သူ Mr ဝမ်ပါပဲ။

"တကယ်ထူးဆန်းတယ်"

လုလုပြောချင်တာကို သဘောမပေါက်တာမို့ ရှောင်းကျန့်က ပြန်မေးတယ်။

"ဘာထူးဆန်းတာလဲ"

"အယ်ဒီတာချုပ်ဆီ ဝမ်ရိပေါ် မုန့်ပို့ပေးနေတာလေ"

"အဲဒါထူးဆန်းလို့လား?"

"မုန့်ပို့တာက ဘယ်ဆန်းမလဲ.. အသက် ၃၀ တန်း ယောက်ျားတစ်ယောက်က အလယ်တန်းကျောင်းသားအကွက်တွေသုံးပြီး နောက်ပိုးလုပ်နေတာ ထူးဆန်းနေတာ!"

ရှောင်းကျန့်က ခုံပေါ်မှာခင်းထားတဲ့ အဆာပြေမုန့်တွေကို  တစ်ချက်ပြန်ကြည့်တယ်။

ထူးဆန်းတာပါလို့လား?

အဲဒီနောက်တော့ နှာထိပ်ဖျားလေးကို လက်နဲ့ကုတ်ရင်း ရယ်လိုက်တယ်၊ ဒါဆို ရှောင်းကျန့်လဲ ထူးဆန်းတဲ့လူ ဖြစ်ခဲ့ပုံရတယ်။

ရှောင်းကျန့်တို့ အထက်တန်းတက်တုန်းက သူတို့ကျောင်းကကန်တင်းမှာ တစ်ပတ်တစ်ခါ မုန့်အသစ်ရောက်တယ်၊ ဘော်ဒါဆောင်နီးပါး တင်းကျပ်တဲ့ကျောင်းက ကျောင်းသားတွေအတွက် အဲဒီနေရာက နတ်ဘုံနတ်နန်းဆိုလဲ မမှားဘူး။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now