အားဆေးသွင်းလို့အပီးမှာတော့ ဆေးရုံကနေ ဆင်းကာ တိုက်ခန်းဆီကို ပြန်လာခဲ့ကြသည်။
"ညီ..တစ်ယောက်တည်း အဆင်ပြေပါ့မလား..အကို့အိမ် လိုက်နေမလားဟင်"
"အကို့အိမ်.."
"ဟို..တစ်ယောက်တည်းဆို..စိတ်ပူလို့ပါ"
"အကိုက..ကျွန်တော့်ကို ဘာလို့ကောင်းပေးတာလဲ"
"အဲ့ဒါက..အဲ့ဒါက"
ကျွန်တော့်မှာ ကောင်ငယ်လေးကို ပြန်ဖြေဖို့ အကြောင်းအရင်းရှိမနေခဲ့ဘူး။ ဘာကြောင့် သူတစ်ယောက်တည်းနေရမှာကို စိတ်မချဖြစ်နေခဲ့ရတာလဲ။
"ဟို.."
"ရပါတယ်ဗျာ..အတင်းကြီး မစဉ်းစားပါနဲ့..ဖြေးဖြေးချင်းပေါ့..ကျွန်တော့်မှာလည်း အကိုနဲ့ပတ်သက်ပြီး အတည်ပြုစရာလေးတွေရှိနေလို့ အကို့အိမ်လိုက်နေမယ်..ရတယ်မလား"
"ရပါတယ်..ညီ့သဘောပါ"
*.*.*..
"ဖြေးဖြေးထိုင်..မောနေမယ်"
"ရတယ်..အကို"
"ညစာ ဘာစားမလဲ"
"အကို အဆင်ပြေတာလုပ်ပါ"
"အကို လုပ်တတ်တာဆိုလို့ ကြက်ဉပဲကြော်တတ်တာ"
"ရပါတယ်ဗျာ..ကျွန်တော်က စားတတ်တယ်"
"ပီးရော..အဲ့ဆို အကိုထမင်းချက်လိုက်အုံးမယ်"
"ဟုတ်"
အကိုက ထမင်းချက်ဖို့ မီးဖိုချောင် ထွက်သွားတဲ့အခါမှာတော့ ကျွန်တော် တစ်ယောက်တည်း ဧည့်ခန်းမှာ တိတ်ဆိတ်စွာ ကျန်ခဲ့သည်။
မေမေတို့ကိုဖုန်းဆက်မေးဖို့ အကြံဝင်လာတာမို့ ချက်ချင်းအကောင်အထည်ဖော်ကာ သိချင်တာကိုမေးဖို့ ဆုံးဖြတ်ခဲ့သည်
"ဟလို..သားလေး"
"ဟလို..မေမေ..သားမေးစရာရှိလို့"
"ပြောလေ..သားလေး"
"သားနှလုံးရဲ့ အလှူရှင်နာမည်ကို သိချင်တယ်"
"ဘာ!..မသိချင်နဲ့လို့ မေမေပြောထားတယ်လေ"
"ပြောပြပေးပါဗျာ"
"မရဘူးသားငယ်..မေမေ စိတ်မဆိုးချင်ဘူး"
"ဘာလို့လဲ..အကြောင်းပြချက်ပေး"
YOU ARE READING
သေစေ..ရှင်စေ..တစ်ခုခုအကြောင်းပြန်ပေးပါ(Completed)
Romanceရိပ်မှူး..မြတ်သောမောင်...ဒီပ္ပမောင်.. Myanmar BL.. OwnCreation..