20

7.5K 1K 211
                                    

ညဆယ်နာရီ​ကျော်သည်အထိ သုံး​ယောက်လုံး အိပ်မ​ပျော်​သေး​ပေ။ ဥဂ္ဂံက အလယ်တွင် ပက်လက်လှဲကာ မျက်နှာကြပ်ကို ကြည့်​ကာ ပြုံးနေပြီး ​ကျော​ပေးကာ လက်ကို ​ခေါင်းခုရင်း အိပ်​နေသည့် ဥက္ကာက ဥဂ္ဂံဘက် လှည့်လာကာ ခပ်တိုးတိုး ​ပြောသည်။

" ငါ့ဘာသာ တစ်​ယောက်တည်း အိပ်လည်းရပါတယ်။ မင်းတို့နှစ်​ယောက် လာအိပ်မှ ကုတင်က ကြပ်ပြီး အိပ်လို့ကို မ​ပျော်​တော့ဘူး။ ငါ့ကို လာနှစ်သိမ့်တာလား ... အိပ်​ရေးပျက်​အောင် လာလုပ်​​​​​နေကြတာလား။ "

မြင့်မိုရ်လည်း အိပ်မ​ပျော်​သေးသည်မို့ ဥဂ္ဂံ၏ ပခုံးတစ်ဖက်​ပေါ် ​ခေါင်း​လေးမှီကာ ​​စောင်​အောက်တွင် ဥဂ္ဂံ​၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားသည်။ ထိုလက်​လေးကို ဥဂ္ဂံက ပြန်ကိုင်ထား၏။ထိုအ​နေအထားအတိုင်း မ​ပြောင်းချင်သည်မို့ ဥဂ္ဂံက ဥက္ကာအား ​ခေါင်း​စောင်းငဲ့ကာ ​ပြောသည်။

" အိပ်​တော့ ကိုကို ... ငါလည်း အိပ်ချင်​နေပြီ။ "

ဥက္ကာက ဆတ်ခနဲ ငုတ်တုတ်ထိုင်လိုက်​​တော့ သုံး​ယောက်လုံး​ပေါ် လွှားခြုံထားသည့် ​စောင်မှာ ​အောက်သို့ ​လျောသွားကာ ထိုနှစ်​ယောက် ဖက်တွယ်ထားသည်ကို မြင်သွားသည်။

" အဲဒါ​ကြောင့် ငါ စိတ်​ရောကိုယ်ပါ ကျဥ်းကြပ်ပြီး အိပ်မ​ပျော်တာ။ ငါ့စိတ်က အလိုလိုကို ခံစားလို့ရ​​နေတာ။ လူပျို​လေး ရှိတယ်ဟ ... လူပျို​လေးဟ ... အ​နေအထိုင် ဆင်ခြင်ကြ။ "

ဥဂ္ဂံ၏ ခါး​ပေါ်မှ လက်​လေးကို မြင့်မိုရ် ပြန်ခွာလိုက်သည်။ ဥက္ကာက ကုတင်​​ပေါ်မှ ဆင်းသွားပြီး ​ကျောပိုးအိတ် သွားယူကာ စာကြည့်စားပွဲ ထိုင်သည်။

" မျက်လုံး​ကြောင်သွားပြီ။ စာကြည့်လိုက်ဦးမယ်။ "

နည်းနည်း ရှက်သွားသည်မို့ ဥဂ္ဂံက လည်​ချောင်းမကပ်ပါဘဲ ​နှုတ်ခမ်းနားသို့ ဘယ်ဘက်လက်ကို လက်သီးခပ်ဖွဖွ ဆုပ်ကာ ချောင်းဟန့်​နေပြီး မြင့်မိုရ်လည်း ငုတ်တုတ်​လေးထိုင်ကာ ​ခေါင်း​လေး ကုပ်​နေသည်။ဥက္ကာက ပါဝါပါသည့် စာကြည့် မျက်မှန် အကြည်​ရောင် ခပ်ကြီးကြီးကို တပ်ထားသည်။

Youth , Sweet LoveWhere stories live. Discover now