Kwon Soonyoung ရှိနေတဲ့နေရာကို သိပြီးတဲ့အခါ Mingyu နဲ့ Seungcheol ပါ Wonwoo အနောက်ကနေ လိုက်သွားခဲ့ကြသည်။ ဘယ်ဂိုဏ်းသားကိုမှ ခေါ်မလာဘဲ Jeon Wonwoo တစ်ယောက်ထဲကိုသာ လာစေချင်တဲ့လူကြောင့် Seungcheol တို့နှစ်ယောက်လုံး လူမသိအောင် လိုက်သွားကာ Seungcheol က Wonwoo တို့စကားပြောနေသည့် နေရာနှင့်မနီးမဝေးတွင် စောင့်နေပြီး Mingyu ကတော့ Soonyoung ကိုလိုက်ရှာနေတာဖြစ်သည်။
" ဘယ်လိုနေလဲ Alpha Jeon... ပျော်ဖို့ကောင်းတယ်မလား "
" ခွေးစကားတွေပြောမနေဘဲ Soonyoung ဘယ်မှာရှိနေလဲဆိုတာ ပြော "
Shadow ဂိုဏ်းကကောင်တွေက ောက်ကျင့်ယုတ်တာကို သူမေ့သွားခဲ့တာ၊ Kwon Soonyoung ကို တစ်ယောက်ထဲ လွှတ်ပေးလိုက်မိတာကိုက သူ့အားနည်းချက်ဖြစ်သွားတာ...။
စိမ့်ထွက်လာတဲ့ ပန်းသီးစိမ်းရနံ့ထံမှ ရန်လိုတဲ့ဖယ်ရိုမုန်းတွေဟာ တစ်ဖက်လူကို သေချာပေါက်ထိုးနှက်နိုင်ပေမယ့် စိတ်ကိုထိန်းနေရခြင်းမှာ Soonyoung ကိုယ်တွင် မှဲ့တစ်ပေါက်ပင် မစွန်းစေလိုသော အထိအခိုက်မခံနိုင်သည့် စိတ်ကလေးကြောင့်ဖြစ်သည်။
" မလောပါနဲ့ ငါလိုချင်တာ Wave တစ်ခုပဲလေ။ အာ.. ပြီးတော့ အဲ့ကခေါင်းဆောင်လေးလည်း ပါတာပေါ့ "
Soonyoung နဲ့ပတ်သက်ပြီး ထိပါးလာတဲ့စကားကြောင့် အံကိုတင်းနေအောင် ကြိတ်ပြီး စိတ်ကိုထိန်းထားရတာ သူ့အတွက် အတော်ပင်ခက်ခဲလွန်းလှသည်။ အေးဆေးနေတတ်တဲ့ Alpha ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ကွဲပြားစွာ ထဆဲပစ်ချင်မိသည်အထိ သူ့မျက်စိရှေ့ကကောင်ဟာ တအားကျက်သရေယုတ်လွန်းတာဖြစ်သည်။
" အဲ့ကခေါင်းဆောင်ကငါ့လူ..၊ မင်းလိုချင်ရင် တခြားဟာအကုန်ပေးနိုင်တယ် Soonyoung ကိုပဲ ထုတ်ပေး "
Wonwoo ရဲ့အဖြေစကားကို ထင်မှတ်ထားသည့်အတိုင်း တစ်ဖက်လူဟာ ရယ်မောလာတဲ့အခါ ဘေးဘက်ကိုချထားတဲ့ လက်တစ်ဖက်ဟာ သေနတ်ရှိရာ ခါးကြားဆီသို့ လှမ်းထားပြီးသားဖြစ်သည်။ သို့သော် သူ့လက်တွေက သေနတ်ကိုတောင် မထိရသေးခင်မှာ ကျည်တစ်ထောင့်ဟာ သူ့ရှေ့ကလူရဲ့ ပေါင်ထံသို့ တည့်မတ်စွာ ထိုးစိုက်ဝင်သွားပြီး ထိုလူ့ဘက်ကလူတွေဟာ သူ့ကို သေနတ်နဲ့ချိန်လာတာကြောင့် အချိန်ဆွဲမနေဘဲ တစ်ဖက်ကလူတွေကို သေနတ်နဲ့ပစ်ကာ အကာအကွယ်ယူလိုက်ရသည်။
YOU ARE READING
Under the Red moonlight
FanfictionJust Cheolsoo, Gyuseok & Wonsoon fiction! written in burmese