Episode-1

40 11 0
                                    



တိတ်ဆိတ်တဲ့ညသန်းခေါင်ယံတွေမှာ မင်းရယ်သံတွေက တစ္ဆေတစ်ကောင်လို ငါ့ကိုအမြဲတမ်းခြောက်လှန့်နေခဲ့တာ.. ငါ့မှာမင်းရယ်သံတွေကြား ပြေးပေါက်တွေပျောက်တာ အထပ်ထပ်အခါခါပဲ.. ဖြစ်နိုင်ရင် ငါဒီဘဝကနေလွတ်မြောက်ချင်ပြီ။ မဟုတ်ဘူး ငါ့ကိုလွတ်မြောက်ခွင့်ပေးပါတော့..။
~~~

နေရောင်ကောင်းကောင်းမကျသေးသည့် ဝေလီဝေလင်း မနက်ငါးနာရီအချိန်။ အဝေးပြေးကားဝင်းကနေတဆင့် မြို့ပြရဲ့အထပ်မြင့်တိုက်တွေကြား ကျော်ဖြတ်လာရင်း အရှေ့ဘက်တောင်တန်းတွေစီ တရွေ့ရွေ့နှင့်ခရီးနှင်လာခဲ့တော့သည်။

ဆောင်းရာသီရဲ့ မနက်ခင်းဖြစ်တာမလို့ ချမ်းစိမ့်စိမ့်အအေးဓာတ်တို့နှင့်အတူ နှင်းဖုံးနေသည့်ကတ္တယာလမ်းတွေကို ကားပြတင်းပေါက်မှန်ကနေတဆင့်လိုက်ကြည့်နေမိသည်။

"ယောင်း..ကြောက်နေတာလား"

ရုတ်တရက်ဆိုသလို သူ့လက်ဖမိုးကိုဖွဖွလေးဆုပ်ကိုင်လာသည့် လက်တစ်စုံ။ နွေးထွေးလိုက်တာ..။

"ကိုယ်တို့သိပ်မဝေးသေးတာမလို့ တကယ်လို့ယောင်း အဆင်မပြေ.."

"ဟင့်အင်း..ကျွန်တော်အဆင်ပြေတယ်ကိုကို။ ထပ်ပြီးအဲ့လိုမျိုးမပြောပါနဲ့နော်"

ဆောင်ချန်းရဲ့စကားတွေကိုဖြတ်ပြောကာ ရင်ခွင်ကျယ်ထဲအတင်းဝင်တိုးလာသည့် ကလေးကိုပြန်ပြီးဖက်ထားရင်း ကျောပြင်လေးကိုသာခပ်ဖွဖွပုတ်ပေးနေလိုက်တော့သည်။ သူသိတာပေါ့..ချန်းယောင်းဘယ်လောက်တောင်ကြောက်နေလဲဆိုတာ။ သူ့အတွက်နဲ့ အရာရာစွန့်လွှတ်ပြီး သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း ထွက်ပြေးလာခဲ့တာလေ။

ချန်းယောင်းဆိုတဲ့သူဟာ နယ်နယ်ရရကလေးတစ်ယောက်တော့ဟုတ်မနေ။ ချမ်းသာလှပါပြီဆိုတဲ့လူတွေရဲ့ အထက်မှာပင်.. ကိုရီးယားနိုင်ငံရဲ့အချမ်းသားဆုံး နံပါတ်နှစ်စာရင်းဝင် "အီ"မိသားစုရဲ့ တစ်ဦးတည်းသော သားလေးပင်။ ဆောင်ချန်းအတွက်တော့ ချန်းယောင်းဟာ မိုးနဲ့မြေကြီးလို ကွာခြားတဲ့အဆင့်အတန်းမျိုးဖြစ်မည်။ ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်း ကျောထောက်နောက်ခံမရှိသည့် ဗလာကျင်းသူ့ဘဝမှာ လစာလေးတစ်ပဲခြောက်ပြားနှင့် ပုံမှန်ကြိုးစားနေရသည့် လခစားတစ်ဦးပင်။

You've reached the end of published parts.

⏰ Last updated: Jun 24 ⏰

Add this story to your Library to get notified about new parts!

Heart don't break around here Where stories live. Discover now