Enough to love at a first sight- Episode 1

81 7 0
                                    

" ခင်ဗျားနာမည်မေးနေတာလေဖြေလေ "

AOBအဆင့်မြှင့်ကလပ် တစ်ခုထဲတွင် Niki ကြောင့်အသံတွေအကုန်လုံး ဆူညံနေရာမှတိတ်ကုန်သည်။

သစ်စိမ်းရနံ့အနံ့ပြင်းပြင်းက ‌ဒေါသကြောင့်ထိုပါတီထဲတွင် လှိုင်နေအောင်ထလာသည် ..

သူ့ဝတ်ထားတဲ့ ဒေါ်‌လာထောင်ချီ ဘရန်းအဝတ်အစားတွေပေါ် မြင်မကောင်းအောင်ပေသွားတဲ့ခရင်မ်အဖြူတွေက အပုံလိုက်။

တွန်းတိုက်ကာပေသွားသည်မို့ ဒေါသကထောင်းခနဲ၊ဖြင့်လှည့်ကြည့်လျှင် သူ့ထက်အတော်ပုသည့် ရင်ဘတ်နားလောက်က မိန်းကလေးက ခပ်တန်းတန်းကလေး နှုတ်ခမ်းစိထားလျက် ပြန်ကြည့်သည် ..

သူစိတ်တိုတာကလည်း ကိတ်မုန့်ပေသွားလို့ဆိုတာထက် ဒီစူးရဲရဲမျက်ဝန်းလေးတွေကြောင့်ဆို ပိုမှန်လေ့မည်။

တောင်းပန်စကားကို ခနအကြာအထိစောင့်နေပေမယ့် ထွက်မလာသည့်အပြင်၊ သူ့ကိုရဲရဲတင်းတင်းကြည့်နေသည့်ပုံက ယောက်ျားတစ်ယောက်ကို ဒီလိုအကြည့်တွေနဲ့

ပြန်ကြည့်မျိုးတဲ့ မိန်းခလေး သူတစ်ခါမှမမြင်ဖူးသေး။

ဒီမိန်းမကဘာတုန်း ..

"တောင်းပန်ပါတယ်လို့ပြောဖို့ စကားမသင်ထားဖူးလား"

" ဒီမှာစိတ်ကြီးဝင်နေတဲ့ သူဌေးသား"

ဘာ..? နီခီပြောရဲဆိုရဲရပ်ကွက်ကလာတဲ့ မိန်းခလေးကိုမျက်ခုံးတွေကုတ်ကြည့်ပြီး ငုံ့ကြည့်လိုက်သည်။

" ကျုပ်စိတ်ကြီးဝင်နေတာမဟုတ်ဘူး ခင်ဗျားကမှ .. "

" ဘာလဲ ..ဘာဖြစ်လဲ ငါက.. ဘယ်နေရာဘာဖြစ်နေလို့လဲ"

ရန်သာတွေ့တာ အာလေးလျှာလေးနဲ့အပြုအမူ။

ထွက်လတ်စဒေါသတွေနဲ့နေရာမှာ အတွေးတစ်ခုကထူးဆန်းစွာဝင်လာသည် ..

""ပြန်ပြောနေပေမယ့်..ချစ်ဖို့တော့ကောင်းသား""

"...ကိတ်ပါလာတယ် ဖယ်ပေးပါဆိုတာကို နှစ်ခေါက်မကဘူး ကျွန်မပြောခဲ့တယ်လေ..ဒီဘက်ကဖြင့် စောနကအထိ လေကြောရှည်နေပြီးတော့..ပြောတာကြားလို့လား"

MaMa" you must be my wife  | NIKI Where stories live. Discover now