mg's a naughty fox boy - Episode 3

35 3 1
                                    


" မမ မောင့်ကိုဟိုဟာလေးယူပေးပါအုံး "

" မမမောင့်ကို ဟိုသပတ်လေးလာပေးပါလားကွာ"

" မမ မောင့်အကျီ-"

မိုးလင်းကတည်းက မမချင်းထပ်အောင်ခေါ်ပြီး ရေချိုးခန်းဝင်တာကအစသပတ်ယူမသွားပဲ နွဲ့နောင်းနွေကိုယူခိုင်းကာ ဂျီကျနေတဲ့ကောင်လေးက။

အဆိုးအပေလေးနဲ့တူသည် ..

သူ့ရဲ့ရေစိုဆံပင်တွေကို dryerမှုတ်နေပြီး လက်တစ်ဖက်က တီရှပ်အမည်းရောင်အကျီ-ကိုလက်ထိုးဝတ်ရာမှ အခက်တွေ့နေပုံဖြင့် နွှဲ့နောင်းကိုမျက်နှာငယ်ဖြင့်ကြည့်ပြန်သည် ..

သူယောက်ျားရလိုက်တာမှ၊မဟုတ်တာ .. ကလေးတစ်ယောက် ကောက်မွေးလိုက်ရသလိုဖြစ်နေတာကြောင့်

အကျီ-ကိုသူလက်ထိုးလို့ရအောင် ထပြီးကူညီပြီးလုပ်ပေးတော့ သူကအပြုံးနက်နက်ကလေးဖြင့်ပြုံးနေသည် ။

နွှဲ့နောင်းသူ့ရဲ့ မြင်ရခဲတဲ့ပကတိဖြူစင်တဲ့အပြုံးလေးကြောင့် ချစ်ဖို့ကောင်းစွာခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးလိုက်သည် ...

" ‌ဘာလို့..အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ "

" မောင်ကချစ်ဖို့ကောင်းတယ်လား ? "

nikiက ခပ်တည်တည်ပြောရင်းက ရှက်သလိုပြုံးလိုက်တာမို့၊နားရွက်လေးတွေကထောင်လာလျှင် ..

နွဲ့‌နောင်းနွေကလက်လေးတွေနဲ့အသာ ထိတွေ့ပြီးသား။

"ချစ်ဖို့ကောင်းလွန်းလို့ .. အသည်းယားနေပြီ "

အစ်မကြီးပီပီ အငယ်လေး‌ကိုပြုမူသလိုပြုမူလာတော့ ထိုလက်တွေကိုဆွဲကိုင်ပြီးရုတ်သိမ်းလိုက်ကာ၊ နီခီက သေချာစိုက်ကြည့်လာသည်။ ...

" အသည်းယားတယ်..? အဲ့စကားကမောင်ပြောရမှာထင်တယ် မမအခု သိပ်အသည်းယားဖို့ကောင်းနေတာ "

နီခီကသူနဲ့အတူ အခုမှချောချောချူချူဝတ်ပေးထားရတဲ့ တီရှပ်ကိုဆွဲလှန်ချွတ်လိုက်တာကြောင့်၊ မျက်လုံးတွေလှုပ်ရှားသွားကာ။

"ဘာ..လုပ်တာလဲ နီခီ"

" ပူလို့လေ"

"ပြန်ဝတ်ထား၊ မရဘူးလေ "

You've reached the end of published parts.

⏰ Last updated: Jun 27 ⏰

Add this story to your Library to get notified about new parts!

MaMa" you must be my wife  | NIKI Where stories live. Discover now